ပရိသတ်ကြီးရေ မြန်မာသံတေးသီချင်းလေးကို အသံချိုချိုအေးအေးလေးနဲ့ သီဆိုပြီး ဂီတနယ်ပယ်မှာ အောင်မြင်နေတဲ့ အဆိုတော် ပန်းအိဖြူကို အားလုံး သိကြမယ်လို့ထင်ပါတယ်။ ပန်းအိဖြူဟာ တေးသီချင်းများစွာ ထွက်ရှိထားပြီး ယနေ့အချိန်ထိ သူမရဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပန်းအိဖြူ က ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားပြီး ချစ်စရာ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။


ယခုဆိုရင်တော့ ပန်းအိဖြူရဲ့ သားလေးကတော့ ရက်(၁၀၀)ပြည့် မွေးနေလေးကို ကျရောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သားလေး မွေးနေ့အတွက် တကယ့်ကို မွန်မြတ်တဲ့အလှူလေးပြုလုပ်ခဲ့တာကိုလည်း ဖော်ပြလာခဲ့ပါတယ်။ "ဒီနေ့ သားလေး "မောင်ဘုန်းပြည့်စုံဟိန်း" ရက်(၁၀၀)ပြည့်ပါပြီရှင်...ကိုဗစ်ကာလမှာ သားသားလေးအတွက် အလှူလေးအဖြစ် သံဃာတော်များအား ရည်မှန်း၍ အိမ်မှာ အမြဲဆွမ်းခံကြွတဲ့ ဆရာတော်ကိုပဲ ဆန်နဲ့ဆီ လှူပေးဖြစ်ပါတယ်။သားလေးဖေဖေကတော့ အဝေးကနေ Video Call လေးနဲ့ပဲ အတူ လှူဒါန်းရပါတယ်...


ဒီကာလကြီး လွန်မြောက်သွားမှ သားလေးကို ဦးဦး၊ဒေါ်ဒေါ်တွေနဲ့ မိတ်ဆက်ဆုံတွေ့တဲ့ပွဲလေး လုပ်ပေးခွင့်ရမှာပါ... မေမေ့သားလေး ကျန်းကျန်းမာမာနဲ့ အသက်ရာကျော်ရှည်လို့ မိဘဆရာသမားများအပေါ် သိတတ်လိမ္မာတဲ့ သားရတနာလေးဖြစ်ပါစေ...အရမ်းချစ်တယ် မေမေ့သားလေး..." ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မေမေပန်းအိဖြူကို ချစ်သလိုမျိုး သားလေးကိုလည်း ဝိုင်းချစ်ပေးပါဦးနော်။


သတင်း အရင်းအမြစ်៖ Photo Credit-Pan Ei Phyu Vocalist's FB Account





