ဖြူစင်ရိုးသားတဲ့ အကြည့်တွေနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ အသည်းတွေကို ဖမ်းစားလိုက်တဲ့ Jay Baas

//s9.kh1.co/20/20ab554cca82141ce5ff2fe5c0c57b1b1f3f50d4.jpg
အနုပညာရှင်များ

 ၂၁-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

ကလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် Jay Baas ကတော့ ယခုမှာ Music Video လေးတွေရိုက်ကူးနေပြီး အနုပညာ လမ်းကို ဆက်လျှောက်နေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အမူအရာတွေနဲ့ စကားပြောဆို ဟန်တွေကြောင့် ပရိသတ်တွေ အချစ်ပို နေကြတာဆိုရင်လည်းမမှားပါဘူး။ ယခုတလောမှာလည်း မိန်းကလေး ပရိသတ်တွေ အသည်းယားစေလောက်တဲ့ Music Video တွေကြောင့် ပရိသတ်တွေ စိတ်ဝင်စားမှု ရရှိကာ အားပေးထောက်ခံမှုကို အပြည့် အဝရရှိထားတာပဲဖြစ်ပါတယ်။

Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing

Jay Baas ရဲ့ ဖြူစင်ရိုးသားပြီး ဆူးရှတဲ့ အကြည့်တွေက ပရိသတ်တွေကို အချစ်ပိုစေသလို ကြည်လင်အေးမြတဲ့ မျက်နှာ အမူအရာကြောင့်လည်း မြင်သူတိုင်းရဲ့ ရင်ထဲ အေးမြစေမှာ အမှန်ပဲဖြစ်ပါတယ်။ သူဟာ တက်သစ်စ အနုပညာရှင်တစ်ဦး ဖြစ်သော်လည်း ပရိသတ်တွေအပေါ် စေတနာ မေတ္တာတွေ ဘယ်လောက်ထားကြောင်း သူသရုပ်ဆောင်သော ဟန်ပန်အမူအရာကို ကြည့်ပြီးသိနိုင်ပါတယ်။ လတ်တလောမှာလည်း Jay Bass ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပျက်အောင် အလှဓာတ်ပုံလေးတွေကို ရိုက်ပြီး ဖော်ပြလေ့ရှိပါသေးတယ်။

Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing

ယခုမှာလည်း Jay Baasဟာ ဖြူစင်ရိုးသားတဲ့အပြုံးတွေနဲ့ စွဲဆောင်မှုရှိရှိ ရိုက်ထားတဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ “အလွမ်းနဲ့ထပ်တူကျတဲ့ ငါ့ရဲ့နေ့များ မင်းရော ကိုယ့်လိုလွမ်းနေသေးလား” ဆိုတဲ့ခေါင်းစဉ်တပ်ပြီး ဖော်ပြ လာတာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေထဲမှာ Jay Baas တစ်ယောက် အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။ အဝတ်အစားကိုလည်း စတိုင်ကျကျ ဝတ်ဆင်ထားပြီး ကင်မရာလေး ကိုင်ကာ သဘာ၀ တရားကြီး လိုက်ရိုက်နေတဲ့ ပုံလေးတွေကို ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။

Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing
Photo Crd - Myat Bhone Naing<br>
Photo Crd - Myat Bhone Naing

သတင်း အရင်းအမြစ်Jay Baas Facebook Page

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T