ပရိသတ်ကြီးရေ သရုပ်ဆောင်နေမျိုးအောင်ကတော့ ဗီဒီယိုခေတ်ကတည်းက ဗီဒီယိုဇာတ်ကားတွေအများအပြားကို ရိုက်ကူးလာခဲ့တာဖြစ်လို့ ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နေမျိုးအောင်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိတိုင်အားပေးနေကြဆဲဖြစ်ပြီး သူ့ရဲ့ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ကြည့်ရှု့လို့ ကောင်းနေဆဲဖြစ်ပါတယ်။


နေမျိုးအောင်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုအပေါ်မှာလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတာလည်း ဖြစ်ပါတယ်။ နေမျိုးအောင်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး လတ်တလောမှာဆိုရင်တော့ ချစ်ဇနီးလေးနဲ့အတူ Photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေတာပါ။


ယနေ့မှာဆိုရင်လည်း ပုဂံဘုရားတွေကို နောက်ခံထားကာ ဆင်တူလေးတွေ ဝတ်ပြီး Romantic ဆန်စွာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ သားနှစ်ယောက် မွေးပြီးသည့်တိုင်အောင် Romantic ဆန်နေကြဆဲဖြစ်တဲ့ နေမျိုးအောင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ပုံလေးတွေကို ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။


သတင်း အရင်းအမြစ်៖ Source - အာဗြဲစိန်'s Facebook Page