ပရိသတ်ကြီးရေ သရုပ်ဆောင်လင်းဇာနည်ဇော်တို့မိသားစုကတော့ "ရွှေခေါက်ဆွဲ"စီးပွားရေးလေးကို တစ်နိုင်တစ်ပိုင်ကနေစတင်ပြီး အခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ်လုပ်ဆောင်လာပြီဖြစ်ပါတယ်။မြူလင်းကိုကိုကလည်း မေမေတို့ရဲ့အလုပ်တွေကို ကိုယ်တိုင်ကြီးကြပ်ပေးပြီး ကူညီပေးနေတာဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်တို့မိသားစုကတော့ စည်းစည်းလုံးလုံးနေထိုင်ကြလို့ အမြဲပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့ အားကျစရာမိသားစုလေးပဲဖြစ်ပါတယ်။



လင်းဇာနည်ဇော်တို့ညီအစ်မက "ရွှေခေါက်ဆွဲ"တွေကို မှာယူသူတွေထံ ကိုယ်တိုင်လိုက်ပို့လေ့ရှိပြီး အလှူကြီးတွေမှာဆိုရင်လည်း စည်းစနစ်တကျပြင်ဆင်ပေးတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ရဲ့ရွှေခေါက်ဆွဲကို ပရိသတ်တွေကလည်းမှာယူစားသုံးကြလို့ တစ်နေ့ထက်တစ်နေ့ပိုအောင်မြင်လာတာပဲဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့မိသားစုက ဝန်ထမ်းကလေးတွေကိုလည်း ကိုယ့်မိသားစုဝင်လိုမျိုးဆက်ဆံပြီး အမြဲပျော်ရွှင်အောင်ထားပေးကြတာဖြစ်ပါတယ်နော်။


အခုဆိုရင်လည်း လင်းဇာနည်ဇော်တို့မိသားစုက အိမ်မှာအလုပ်လုပ်တဲ့ကလေးတွေပျော်ရအောင်လို့ Christmasအကြိုအဖြစ် စားသောက်ပွဲကြီးကို ခြံထဲမှာကျင်းပပေးလိုက်တာဖြစ်ပါတယ်။ကလေးတွေအကုန်လုံးကလည်း တက်ညီလက်ညီနဲ့ စားစရာတွေကိုပြင်ဆင်ပြီး တပျော်တပါးကြီးသုံးဆောင်နေကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့သားအမိနှစ်ယောက်ကတော့ ပျော်နေကြတဲ့သူတို့လေးတွေကိုကြည့်ပြီး liveလွှင့်ကာ ချစ်ပရိသတ်တွေကိုပြသလိုက်တာဖြစ်ပါတယ်နော်။



Photo Credit:Lin Zarni Zaw's Facebook Account
Source& Video Credit:Lin Zarni Zaw's Facebook Account