ပရိသတ်ကြီးရေဒီတစ်ခါမှာတော့ ချစ်စရာအရမ်းကောင်းတဲ့သူလေးကတော့ ဟန်သီလေးပဲ ဖြစ်ပါတယ်။ သူမဟာနိုင်ငံဂုဏ်ဆောင် အလှမယ်လေးတစ်ဦးဖြစ်ပြီး ဆုတံဆိပ်တွေများစွာကို လည်းရှိပိုင်ဆိုင်ထားသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ ထူးချွန်ထက်မြတ်တဲ့သူ တစ်ယောက်ဖြစ်ပြီး ဖြတ်ထိုးဥဏ်ကောင်းသူလေးလည်း ဖြစ်သလို စိတ်သဘောထားလေးကလည်း နူးညံ့သိမ်မွေ့သူလေး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာတိရိစ္ဆာန်လေးတွေကိုလည်း အသည်းယားစွာချစ်တတ်သူလေးဖြစ်ပြီး ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကြောင့်လည်း ပရိသတ်ကြီးရဲ့ အသဲစွဲလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။


သူမရဲ့ဝင်းဝါစိုပြေနေတဲ့အသားရေလေးကြောင့်လည်း အဖြူရောင်စွယ်တာလက်ရှည်လေးနဲ့ လိုက်ဖက်မှုရှိနေပြီး အေးချမ်းလှပနေတာပဲဖြစ်ပါတယ်။ ပေါ့ပါးတဲ့ဖက်ရှင်လေးနဲ့လည်း အများကြားမှာထင်ပေါ်နေကာ နတ်သတ်ကြွေတဲ့ အလှလေးကို ပိုင်ဆိုင်ထားသူလေးဆိုလည်း မမှားပါဘူးနော်။ သေးသွယ်ကျစ်လစ်တဲ့ ကိုယ်လုံးလေးကြောင့်လည်း ဘာလေးဝတ် ဝတ်လှပနေသူလေးဖြစ်ပြီး မိန်းကလေးတိုင်းအားကျရတဲ့ သူလေးဖြစ်ပါတယ်။ ဟန်သီလေးကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူလေးဖြစ်သလို သူမကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်တာကြောင့် အချစ်ပိုနေရသူလေးတစ်ယောက်ဖြစ်ပါတယ်။


သူမရဲ့ Facebook Page မှာလည်း ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုချစ်ပရိသတ်ကြီးအတွက် အမြဲတင်ပေးလေ့ရှိပြီး ဒီနေ့မှာလည်း “ မျက်နှာမြင်ချစ်ခင်ပါစေ… အသံကြားသနားပါစေ…ပေးကမ်းနိုင်သောသူဖြစ်ပါစေ… ကိုယ် စိတ် နှလုံးသုံးပါး လှပသန်မာတဲ့သူ ဖြစ်ပါစေ..ကမ္ဘာသူ ကမ္ဘာသား မြန်မာပြည်သူ ပြည်သားအပေါင်း အေးချမ်းကြပါစေ…မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေရှင်….လို့ တောင်းဆုချွေဆန္ဒပြုလိုက်ပါတယ်…….” ဆိုပြီးခေါင်းစဉ်လေးနဲ့အတူ အေးချမ်းပြီးလှပကျော့ရှင်းနေတဲ့ ပုံလေးတွေကိုပါ မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက်လည်း ဟန်သီရဲ့ ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင်မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးကလည်း စကားလက်ဆောင်လေး တစ်ခွန်းလောက်ပြောပေးသွာဦးနော်။



သတင်း အရင်းအမြစ်៖ Han Thi Fb Page





