ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ပီပြင်ကောင်းမွန်ပြီး အချိန်တိုအတွင်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေထဲမှာ မင်းသားချော အောင်မြင့်မြတ်ကလည်း အပါအဝင်ပါပဲ..။
ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးကာ အောင်မြင်စွာရပ်တည်နေတဲ့ အောင်မြင့်မြတ်ကတော့ ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား ရေပန်းစားနေသူလည်း ဖြစ်ပါတယ်နော်..။


ပရိသတ်အချစ်တော် မင်းသားချောလေး အောင်မြင့်မြတ်ကတော့ သူ့ရဲ့ချစ်သူလေးကို ပရိသတ်တွေနဲ့မိတ်ဆက်အသိပေးထားသလို ဒီကနေ့လေးမှာလည်း ချစ်ရသူလေးနဲ့ ရွှေလက်တွဲလက်ထပ်မင်္ဂလာပွဲလေး ပြုလုပ်လိုက်ပါတယ်နော်..။
ဒီကနေ့ ဒီဇင်ဘာ(၂၀)ရက်နေ့ တနင်္ဂနွေနေ့လေးမှာပဲ ချစ်သူလေး အိမီမီကိုနဲ့အတူ ရွှေလက်တွဲလက်ထပ်လိုက်တာဖြစ်ပြီး နှစ်ဖက်မိဘတွေအစုံအညီနဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူလေးကို ကြည်နူးပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။


အောင်မြင့်မြတ်တို့ ဇနီးမောင်နှံလေးကိုလည်း ပရိသတ်တွေနဲ့ အနုပညာရှင်တွေက ဂုဏ်ပြုပေးထားကြသလို သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော မယ်လိုဒီကလည်း ဂုဏ်ပြုစကားလေး ဆိုထားပြန်ပါတယ်နော်..။
ကြည်နူးစရာကောင်းတဲ့ အကြင်နာအကြည့်လေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတဲ့ အောင်မြင့်မြတ်တို့ မင်္ဂလာမောင်နှံလေးရဲ့ စုံတွဲပုံလေးနဲ့အတူ "စိတ်အေးပါပြီ?.." ဆိုပြီး မယ်လိုဒီက ဂုဏ်ပြုစကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်နော်..။


သတင်း အရင်းအမြစ်៖ Melody Myo's Fb Acc