ပရိသတ်ကြီးရေ.. ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားယတဲ့ အနုပညာရှင်မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်နော်..။
ချစ်စရာကောင်းတဲ့ဟန်ပန်တွေနဲ့ ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် အချိန်အတိုတွင်းမှာ ပရိသတ်တွေရဲ့ရင်ထဲနေရာယူထားနိုင်ခဲ့တဲ့ ဖြူဖြူထွေးလေးကတော့ အမြဲတက်ကြွလန်းဆန်းကာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်နော်..။


ကျော့ရှင်းတဲ့အလှလေးတွေနဲ့ ပြုံးလိုက်တဲ့ ဖမ်းစားထားနိုင်တဲ့ အပြုံးလှလှလေးတွေအပြင် စိတ်ကောင်းစေတနာလေးတွေကလည်း သူမရဲ့ ဆွဲဆောင်မှုလေးတွေဖြစ်ပြီး မြင်သူပရိသတ်တွေတိုင်းက အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်နော်..။
အခုလို Covid ကာလအချိန်တွေမှာတောင် ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးလေးကတော့ Tik Tok ဗီဒီယိုလေးတွေကိုလည်း မကြာခဏဆော့ကစားတတ်ကာ အခုတစ်ခါမှာလည်း မြူးမြူးကြွကြွလေး ကပြထားတဲ့ Tik Tok ဗီဒီယိုလေးနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်နော်..။


ဂျက်စတင်ဘီဘာရဲ့ သီချင်းမြူးမြူးလေးနဲ့ စကပ်အတိုလေးကိုလေပေါ်ဝဲနေအောင် ကိုယ်လုံးလေးကိုလှုပ်ခါပြီး အမိုက်စားလေး ကပြလိုက်တဲ့ ဖြူဖြူထွေးရဲ့ Tik Tok ဗီဒီယိုကိုတော့ ပရိသတ်တွေ သဘောကျနေကြဦးမှာပါနော်..။
ကဲ.. ဒီကနေ့လေးမှာတော့ မြင်သူတိုင်းကို အသည်းယားအချစ်ပိုစေမယ့် ဖြူဖြူထွေးလေးရဲ့ အမိုက်စား Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ဝေမျှတင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့နော်..။

သတင်း အရင်းအမြစ်៖ Phyu Phyu Htwe's Tik Tok Acc





