သရုပ်ဆောင်မင်းသမီးချော သဥ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းတဲ့သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်မေမေပဲ ဖြစ်ပါတယ် ။ သဥ္ဇာနွယ်ဝင်းက ခင်ပွန်းဖြစ်သူနဲ့ထိမ်းမြားလက်ထပ်ပြီး သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် သဥ္ဇာနွယ်ဝင်းက ကလေးတွေတစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို အနည်းငယ်ပြန်လည်လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း စတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။



သဥ္ဇာနွယ်ဝင်းက ကလေးမေမေအတွက် သီးသန့်ထုတ်လုပ်လိုက်တဲ့ Pajama ဝတ်စုံတွေကို "Tulip" ဆိုတဲ့နာမည်နဲ့ စတင်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ် ။ မကြာခင်မှာလည်း သဥ္ဇာနွယ်ဝင်းက ယောက်ျားလေးတွေပါဝတ်နိုင်တဲ့ Pajama ဝတ်စုံတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။ အလုပ်တွေနဲ့မအားမလပ်ဖြစ်နေ တဲ့ သဥ္ဇာနွယ်ဝင်းက သားနဲ့သမီးကိုတော့ အပြည့်အဝဂရုစိုက်ပေးလေ့ရှိ တာ ဖြစ်ပါတယ် ။ အခုလည်း သဥ္ဇာနွယ်ဝင်းက သမီးငယ်လေး Tulip နဲ့အတူ ကျီစယ်ရင်းပျော်မြူးနေတဲ့ ဗီဒီယိုလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။



သဥ္ဇာနွယ်ဝင်းကတော့ သူမရဲ့သမီးငယ်လေးကို ပေါင်ပေါ်မှာတင်ထားပြီး ချော့သိပ်နေတာလည်း ဖြစ်ပါတယ် ။ Tulip လေးကတော့ မေမေသဥ္ဇာနွယ်ဝင်းက အာဘွားတွေခဏခဏပေးပြီး စနောက်ကျီစယ်နေတာကို အရမ်းသဘောကျနေတာကြောင့် မေမေ့ကိုကပ်ချွဲနေတာလည်း ဖြစ်ပါတယ် ။ ကဲ မေမေသဥ္ဇာနွယ်ဝင်းရဲ့ပေါင်ပေါ်မှာ ခေါင်းလေးမှီပြီး ဇိမ်ယူနေတဲ့ သမီး Tulip လေးရဲ့ပုံနဲ့ဗီဒီယိုတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Thinzar Nwe Win's FB Acc
