သုံးယောက်အတူ Tik Tok ဆော့ကစားပြီး အူတက်နေအောင် ခွီနေကြတဲ့ အူဝဲ၊ မိုးဟေကိုနဲ့ ခင်ဝင့်ဝါတို့ရဲ့ ချစ်စရာအခွီဗီဒီယိုလေး

//s9.kh1.co/93/93d013c8b58f53e343a120e4273f90c92995bf63.jpg
အနုပညာရှင်များ

 ၂၀-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၅ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ယောကျ်ားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးရဲ့အချစ်တွေနဲ့ အောင်မြင်မှုတွေများစွာရရှိထားကြတဲ့ ပြည်သူချစ်မင်းသမီးချောတွေအဖြစ် ရပ်တည်နေကြသူတွေကတော့ အိန္ဒြာကျော်ဇင်၊ မိုးဟေကိုနဲ့ ခင်ဝင့်ဝါတို့ပဲ ဖြစ်ပါတယ်နော်..။

ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး သူမတူတဲ့အလှပုံရိပ်လေးတွေနဲ့ မြင်သူတိုင်းကို အေးချမ်းစွာအချစ်ပိုစေကြတဲ့ သူမတို့သုံးယောက်ကတော့ ပရိသတ်တွေကိုယ်စီနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်နေကြသူလေးတွေပါပဲ..။

Photo Credit - Li John Photography
Photo Credit - Li John Photography
Photo Credit - Moe Hay Ko's Fb Acc
Photo Credit - Moe Hay Ko's Fb Acc
Photo Credit - Khin Wint Wah's Fb Page
Photo Credit - Khin Wint Wah's Fb Page

ပရိသတ်အသည်းကျော်လေးတွေဖြစ်ကြတဲ့ အူဝဲ၊ မိုးနဲ့ ခေးတို့ သုံးယောက်ဟာ လက်ရှိမှာလည်းကြော်ငြာတွေရိုက်ကူးကာ အနုပညာအလုပ်တွေကိုအတူလုပ်ဆောင်နေပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

အနုပညာအလုပ်တွေကို အတွဲညီညီနဲ့ အတူလက်တွဲလုပ်ဆောင်နေကြရင်း အသည်းယားစရာ ဟန်ပန်လေးတွေနဲ့ Tik Tok လေး ဆော့ကစားရိုက်ကူးထားတာကိုလည်း ချစ်စရာကောင်းစွာ မြင်တွေ့ရဦးမှာပါနော်..။

Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc

တစ်ယောက်တစ်မျိုးအလှတွေကိုယ်စီနဲ့ အလှချင်းပြိုင်ကာ ညို့အားပြင်းပြင်း လှရက်လွန်းနေကြတဲ့ အချစ်တော်လေးသူမတို့သုံးယောက်ကတော့ အခု Tok Tik ဗီဒီယိုလေးထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် ရယ်မောပျော်ရွှင်ပြီး ခွီနေကြတာလေးကလည်း တကယ်ကိုချစ်စရာလေးတွေပါပဲ..။

ကဲ.. ဒီကနေ့လေးမှာတော့ ပရိသတ်အသည်းကျော်လေးတွေဖြစ်ကြတဲ့ အူဝဲ၊ မိုးနဲ့ခေးတို့ သုံးယောက်ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုလေးကိုလည်း အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc
Photo Credit - Moe Hay Ko's Tik Tok Acc

သတင်း အရင်းအမြစ် Moe Hay Ko's Tik Tok Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T