MRTV-4 ရုပ်သံဇာတ်လမ်းတွဲလေးထဲ ကနေ ချစ်စရာအပြုအမူလေးတွေကြောင့် အချိန်အတိုတွင်း ပရိသတ်တွေ ရဲ့အချစ်တွေကို အပြည့်အဝရရှိခဲ့တာ ကတော့ မင်းသမီးချော ခေးဆက်သွင် ပဲဖြစ်ပါတယ်။ ခေးဆက်သွင် ကတော့ လတ်ရှိမှာဆိုရင် ကြော်ငြာတွေကိုများစွာ ရိုက်ကူးနေရသလို နောက်ထက် ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။ သူမ အမြဲပျော်ပျော်ပါးပါးနေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် အနုပညာမောင်နှမတွေကလည်း လေးစားချစ်ခင်နေရတာဖြစ်ပါတယ်။


ဒါ့အပြင် ခေးဆက်သွင်က သွယ်လျကျစ်လျစ်တဲ့ body လေးကိုအပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာဝါသနာကြီးလွန်းတဲ့ ခေးဆက်သွင်က အပျင်းအပြေ tik tok လေးတွေ ဆော့ကစားတာကိုလည်း တွေ့ရပါတယ်။ ယခုမှာလည်း ခေးဆက်သွင်က ပရိသတ်တွေ သဘောကျလောက်မယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးထဲမှာတော့ ခေးဆက်သွင်က မြူးကြွတဲ့ မယ်ရီခရစ်စမတ် သီချင်းလေးနဲ့ အထာကျကျ ကြွကြွရွရွလေး လမ်းလျှောက်ပြီး ပို့စ်ပေးကာ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒီ tik tok လေးကလည်း မိနစ်ပိုင်းအတွင်းကြည့်ရှု့သူများပြီး သဘောကျနေတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းလောက်အောင် ဆော့ကစားထားတဲ့ ခေးဆက်သွင်ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ VideoCredit & Source - Khay Sett Thwin fb page