အသည်းယားစရာကောင်းတဲ့ ချစ်စရာ ဟန်ပန်အမူအရာလေးတွေနဲ့ Tik Tok ဆော့ထားတဲ့ နန့်ချစ်ရဲ့ ဗီဒီယို

//s9.kh1.co/f0/f0971b75e6cadb68ecaa0d22518a60257b40507f.jpg
အနုပညာရှင်များ

 ၂၀-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၄ နှစ် က

.

ပရိသတ်တွေ အများအပြား အားပေးလက်ခံကြတဲ့ တေးသံရှင် နန့်ချစ်နဒီဇော် ကတော့ အသံချိုချိုလေးတွေနဲ့ ကြည်လင်ပြတ်သားတဲ့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ပရိသတ်တွေနဲ့ ထပ်တူကြတဲ့ သီချင်းတွေကို သီဆိုတတ်တာ​ပြီး ရိုးသားပွင့်လင်းတဲ့ နိုင်ငံကျော် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။သူမဟာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သော အဆိုတော် တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ တေးသံရှင် တစ်ဦးပဲဖြစ်ပါတယ်။

Photo Credit - Nant Chit Nadi Zaw FB Account
Photo Credit - Nant Chit Nadi Zaw FB Account
Photo Credit - Nant Chit Nadi Zaw FB Account
Photo Credit - Nant Chit Nadi Zaw FB Account

နန့်ချစ်ဟာ ပျော်ပျော်ရွှင်ရွှင် နေတတ်သူတစ်ဦးဖြစ်ပြီး အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ သူလေးပဲဖြစ်ပါတယ်။လှပသွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး အဆီပို မရှိတာကြောင့် ဘယ်လို ဖက်ရှင်လေးနဲ့ မဆို လိုက်ဖက်နေတဲ့ အဆိုတော်လေးဖြစ်ပါတယ်။သူမဟာ အနုပညာ အလုပ်တွေ ကိုလည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ် လုပ်ကိုင်နေတာဖြစ်ပြီး မကြာခဏ Tik Tok လေးတွေဆော့ကာ ပရိသတ်ကို ဖော်ပြပေးလေ့ရှိသူပဲဖြစ်ပါတယ်။

Photo Credit - Nant Chit Nadi Zaw FB Account
Photo Credit - Nant Chit Nadi Zaw FB Account
Photo Credit - Nant Chit Nadi Zaw FB Account
Photo Credit - Nant Chit Nadi Zaw FB Account

နန့်ချစ်ဟာ အဆိုပိုင်းတွင် ကျွမ်းကျင်သလို အကပိုင်းတွင်လည်း တော်တာကိုလည်းတွေ့ရပါတယ်။ "Dancing with the star"အကပြိုင်ပွဲတွင်လည်း ပထမဆုကို ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။လတ်တ လော မှာတော့ ခုခေတ်စားနေတဲ့ သီချင်းလေးနဲ့ Tik Tok ဆော့ကစားထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေ အတွက် တင်ပေးလာတာပဲဖြစ်ပါတယ်။နန့်ချစ်ရဲ့ ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ Tik Tok ဆော့တာလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ နန့်ချစ်ကို ချစ်တယ်ဆို တစ်ခုခုပြောခဲ့ဦးနော်?

သတင်း အရင်းအမြစ်Nant Chit Nadi Zaw FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T