သူ့ကိုချစ်တဲ့ပရိသတ်တွေကို ရုတ်တရက်ကြီးနှုတ်ဆက်ခွဲခွာသွားခဲ့တဲ့ လူရွှင်တော်ဦးဧရာရဲ့ နောက်ဆုံးခရီးပုံရိပ်များ

//s9.kh1.co/b2/b23eaf302ca0038a3b58491716e8d07a9941203b.jpg
အနုပညာရှင်များ

 ၁၉-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

သူ့ကိုချစ်တဲ့ပရိသတ်တွေကို ရုတ်တရက်ကြီးနှုတ်ဆက်ခွဲခွာသွားခဲ့တဲ့ လူရွှင်တော်ဦးဧရာရဲ့ နောက်ဆုံးခရီးပုံရိပ်များ

ပရိသတ်ကြီးရေ ဒိန်းဒေါင်ကတော့ ချွန်တွန်းပရဟိတအဖွဲ့ကို တည်ထောင်ထားပြီး လိုအပ်သူတွေကို တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။ဒိန်းဒေါင်တို့လူရွှင်တော်အဖွဲ့ဟာဆိုရင် အနုပညာသမားအချင်းချင်းကိုလည်းကူညီပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ ပရိသတ်တွေနဲ့အနုပညာသမားတွေအတွက် စိတ်မကောင်းစရာသတင်းကိုကြားသိခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီသတင်းက‌တော့ ကိုဗစ်ကြောင့် ဆေးရုံတက်နေရတဲ့ လူရွှင်တော်ဦးဧရာဆုံးပါးသွားတဲ့ သတင်းလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Dain Daung's Facebook Account

ဦးဧရာဟာဆိုရင် ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်ဆောင်ပေးပြီး ပျော်ပျော်နေတတ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဦးဧရာက တစ်နိုင်တစ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ ထီရောင်းတာကိုလည်း ကြိုးစားလုပ်ဆောင်တာကြောင့် ပရိသတ်တွေက သူ့ဆီကနေဝယ်ယူအားပေးကြပါတယ်နော်။ဦးဧရာကတော့ ကိုဗစ်ကြောင့် ဆေးရုံတက်နေရင်းကနေပဲ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ထီလေးတွေအားပေးဖို့အတွက် တင်ခဲ့သေးတာဖြစ်ပါတယ်။ဒီနေ့မနက်(၃:၃၉)မိနစ်မှာ ဦးဧရာကတော့ သူ့ကိုချစ်တဲ့ပရိသတ်တွေကို ရုတ်တရက်ကြီးခွဲခွာသွားခဲ့တာဖြစ်ပါတယ်နော်။ 

Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account

ကိုဗစ်ကြောင့်ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ဦဧရာရဲ့နောက်ဆုံးခရီးကို ဒိန်းဒေါင်တို့လူရွှင်တော်အဖွဲ့ကလည်း ဝမ်းနည်းစွာပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒိန်းဒေါင်ကတော့"စည်းကမ်းချက်နဲ့အညီဦးဧရာရဲ့နောက်ဆုံးခရီးပို့ဆောင်ပြီးပါပြီခင်ဗျာ"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပြည်သူချစ်တဲ့အနုပညာရှင်ဦးဧရာကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာထာဝရရှိနေမယ့်သူဖြစ်ပြီး ဘယ်တော့မှမေ့ပျောက်လို့မရတဲ့အနုပညာရှင်ဖြစ်ပါတယ်။ပရိသတ်တွေလည်း ဦးဧရာရဲ့နောက်ဆုံးခရီးပုံရိပ်လေးတွေကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Dain Daung's Facebook Account
Photo Credit:Comedian ChatGyi's Facebook Account

Source &Photo Credit:Dain Daung's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T