ဆူးရှတဲ့ အကြည့် ၊စွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းတွေ ကိုပိုင်ဆိုင်ထားတဲ့ ပရိသတ် အချစ်တော် မိတ်ကပ် ဖန်တီးရှင် ညီညီမောင်ကတော့ ယခု ဆိုရင် အနုပညာ အလုပ်ကိုပါ လုပ်ကိုင်နေပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ညီညီမောင်ကတော့ Homoတစ်ယောက် ဖြစ်လို့ အများတွေ ဝေဖန်တိုက်ခိုက် ပေမဲ့လည်း သူ့ဘဝကို ကျေနပ်အားရနေပြီး confidence ရှိရှိ ဆက်လျှောက်နေတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းပြုံးပျော် နေတဲ့ ညီညီမောင် ဟာ ယခုဆိုရင် ရုပ်ရှင် ဇာတ်ကားကြီးတွေကို ပါ လက်ခံ ရိုက်ကူး နေပြီပဲ ဖြစ်ပါတယ်။


မိတ်ကပ်တွေ ကို အခြားလူတွေ စိတ်ဝင်စားပြီး ချောမော လှပအောင် ပြင်နိုင်သလို သရုပ်ဆောင်တဲ့ နေရာမှာလည်း စိတ်ဝင်စားစရာကောင်းအောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေ က အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။ ညီညီမောင်ဟာ သူပြင်ပေးတဲ့ ကတို့သမီး တွေကို လည်း videoလေးတွေ ရိုက်ပြီး အမြဲ ဖော်ပြလေ့ရှိပါတယ်။ အမြဲ ပြုံးပျော်နေတဲ့ ညီညီမောင်ကတော့ စိတ်ထားဖြူစင်ပြီး စကားပြော ပွင့်လင်းတာကြောင့် မြင်သူတိုင်းကအသည်းယားပြီး ချစ်နေကြတာပဲ ဖြစ်ပါတယ်။


ယခု အခါမှာလည်း အလွန်ကျက်သရေ ရှိလှတဲ့ မြန်မာ ဝတ်ဆုံ လေးကို ဝတ်ဆင်ပြီး စွဲဆောင်မှု ရှိလှတဲ့ အပြုံးတွေနဲ့ မြန်မာလူမျိုး တစ်ယောက်ဖြစ်ရတာဂုဏ်ယူကြောင်း ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ မြန်မာ ဝတ်စုံ ထမီ နဲ့ အကျီ လေးဝတ်လိုက်ရင်ကို ကျက်သရေရှိတယ်လို့ ခံစားရတယ် ဆိုတဲ့ ညီညီမောင် တစ်ယောက် အရမ်းကို ကျက်သရေ ရှိနေပြီး မြင်သူတိုင်းက အချစ်ပိုနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး တို့ကလည်း ညီညီမောင် ဆက်လျှောက်မယ့် အနု ပညာလမ်းကို ဆက်လက် အားပေးလိုက်ကြပါဦးနော်....။


သတင်း အရင်းအမြစ်៖ Nyi Nyi Maung 's FB account