ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ကိုဘင်းနဲ့နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့သရုပ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ကြတာဖြစ်ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက မောင်တစ်ထမ်းမယ်တစ်ရွက်လိုမျိုး အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ဆောင်ကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း နှိုင်းယှဉ်မြင့်မိုရ်က Online live salesလေးတွေကို နေ့စဉ်မပျက်အမြဲလွှင့်နေရတာဖြစ်ပါတယ်နော်။


ကိုဘင်းကလည်း ချစ်ဇနီးလေးရဲ့အလုပ်အကိုင်တွေကို တစ်ဖက်တစ်လမ်းကနေကူညီလုပ်ကိုင်ပေးပြီး နောက်ကနေအမြဲလိုက်ပေးတာဖြစ်ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်ကို ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေက သူမရောင်းတဲ့ပစ္စည်းတွေကိုလည်း ဝယ်ယူအားပေးကြပါတယ်နော်။နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ အရမ်းဈေးရောင်းတတ်ပြီး သဘောကောင်းတယ်လို့ ရေပန်းစားနေတာဖြစ်ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်က အလုပ်တွေကိုလည်း ကြိုးကြိုးစားစားလုပ်ကိုင်ပြီး ရှာဖွေလို့ရသမျှပိုက်ဆံတွေကိုလည်း စုဆောင်းနေတာဖြစ်ပါတယ်နော်။



အခုဆိုရင်တော့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံက အလုပ်လေးတွေနားထားတဲ့ရက်လေးမှာ အိမ်လေးတွေလိုက်ကြည့်နေတာဖြစ်ပါတယ်။သူမတို့မိသားစုလေးအေးအေးချမ်းချမ်း နေထိုင်ဖို့အတွက် ချစ်စရာအိမ်လေးတစ်လုံးကို ဝယ်ယူလိုက်တာဖြစ်ပါတယ်။နှိုင်းယှဉ်မြင့်မိုရ်တို့အိမ်အသစ်လေးက မီးရောင်စုံလေးတွေနဲ့အရမ်းလှပြီး ပတ်ဝန်းကျင်ကလည်းအရမ်းကောင်းတာကြောင့် နေချင်စရာလေးဖြစ်ပါတယ်။ချစ်စရာအိမ်အသစ်လေးတစ်လုံးကိုပိုင်ဆိုင်သွားပြီဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့မိသားစုလေးနဲ့ထပ်တူ ပီတိဖြစ်ရလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit:နှိုင်းယှဉ်မြင့်မိုရ် Nhying Shin Mynint Moh's FB Page
Source&Video Credit:နှိုင်းယှဉ်မြင့်မိုရ် Nhying Shin Mynint Moh's FB Page