သူ့ကြောင့် စိတ်ဆင်းရဲစေခဲ့တဲ့ သူတွေကို ဝမ်းနည်းစရာ စာလေးရေးသားပြီး အနူးအညွတ်တောင်းပန်လာခဲ့တဲ့ အောင်လေး

//s9.kh1.co/c9/c9888f8d1b5074c38b990c5c6b1061620607b450.jpg
အနုပညာရှင်များ

 ၁၈-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၅ နှစ် က

.

ကိုရီးယားမင်းသားလေးလို ခန့်ညားချောမောနေတဲ့ မင်းသား အောင်လေးကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။ အောင်လေးကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ photo shooting တွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ယခုမှာတော့ အောင်လေးက သူ့ကြောင့်စိတ်ဆင်းရဲစေခဲ့တဲ့ သူတွေကို လူမှုကွန်ယက်မှာ တောင်းပန်စကားပြောလာခဲ့ပါတယ်။

Photo Credit- Aung Lay fb account
Photo Credit- Aung Lay fb account
Photo Credit- Aung Lay fb account
Photo Credit- Aung Lay fb account

"သူငယ်ချင်းမိတ်ဆွေအပေါင်းသင်း မိဘညီကိုမောင်နှမအားလုံးပေါ် ငယ်ငယ်တည်းကနေ အခုချိန် အကောင်းဆုံးပေးဆပ်ပြီး နေထိုင်ခဲ့ပါတယ် ..ပေါင်းခဲ့တဲ့ အနုပညာညီကိုမောင်နှအားလုံးရော အပြင်သူငယ်ချင်းရော ကျွန်တော်ဘယ်လောက်ထိစိတ်ရင်းကောင်းပြီး ရိုးသားလည်းလေးစားမှုရှိလည်းဆ်ိုတာ သိကြမှာပါ

ကိုယ့်မှာမရှိရင်နေပါစေ သူများအဆင်ပြေဖို့အမြဲကူညီခဲ့တဲ့သူပါ...ကိုယ့်ကြောင့်စိတ်ဆင်းရဲဖို့မပြောနဲ့ ကိုယ်နဲ့ရှိနေရင် အမြဲပျော်အောင်ထားခဲ့တာပါ လိုအပ်တာထက်ပိုပြီး ဂရုစိုက်ခဲ့တာပါ တစ်ခါတစ်ခါ ကိုယ်ကိုယ်တိုင်မကောင်းတဲ့အချက်ကဘာလဲဆိုတော့ အမြဲတလွဲလုပ်တာပါပဲ ...အဲ့အချက်က လူတစ်ဖက်သားကိုစိတ်ဆင်းရဲစေရပြီး စိတ်ညစ်သွားစေခဲ့တဲ့အခါကောင်းတဲ့အချက်တွေအရာများစွာကိုပျောက်ဆုံးပျက်စီးစေခဲ့ပါတယ် ....

Photo Credit- Aung Lay fb account
Photo Credit- Aung Lay fb account
Photo Credit- Aung Lay fb account
Photo Credit- Aung Lay fb account

မကောင်းတဲ့အရာတွေဖြစ်စေခဲ့သလို ကောင်းတဲ့အရာတွေများစွာနဲ့ ကျင့်ကြံနေထိုင်ခဲ့ပါတယ်..တကယ်စိတ်မကောင်းပါဘူး ကျွန်တော့်ကိုမကောင်းဘူးမြင်ရင်အနည်းဆုံးတော့ အကောင်းဆုံးနေထိုင်ခဲ့တဲ့ အချိန်လေးတွေကိုပေးဆပ်ခဲ့တဲ့အရာလေးတွေ တစ်ဦးတစ်ယောက်ပေါ်သံယောဇဉ်ထားပြီးနေခဲ့တဲ့ အချိန်လေးတွေကို သတိရပေးပါဗျာ ခံစားချက်တွေကိုတင်လေ့မရှိခဲ့ပါဘူး တစ်ခါတစ်ခါလူမသိသူမသိ ကြ်ိတ်ငိုခဲ့ရတာကလွဲလို့ပေါ့...ကျွန်တော်ကြောင့်စိတ်ဆင်းရဲစေခဲ့တဲ့သူအားလုံးကို ကျွန်တော်ဒီကနေပဲအနူးအညွတ်တောင်းပန်ပါတယ်ဗျာ..." ဆိုပြီး ဝမ်းနည်းစရာ စာလေးရေးသားဖော်ပြခဲ့ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ စိတ်မကောင်းဖြစ်စရာတွေ ကြုံတွေ့နေရတဲ့ အောင်လေးကို အားပေးစကားလေးပြောပေးခဲ့ပါဦးနော်..။

သတင်း အရင်းအမြစ် Source - Aung Lay fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T