မိနစ်ပိုင်းအတွင်း ကြည့်ရှု့သူများခဲ့ပြီး ယောကျ်ားလေးပရိသတ်တွေကြားမှာ ချစ်အားပိုနေတဲ့ သဇင်ထူးမြင့် ရဲ့ tik tok ဗီဒီယို

//s9.kh1.co/87/870ca8d2d5c4d6ed47db90eaa3d9c8c0c5ce9079.jpg
အနုပညာရှင်များ

 ၁၈-ဒီ-၂၀၂၀ ၅pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးငယ်လေးဖြစ်တဲ့  မင်းသမီးချောလေး သဇင်ထူးမြင့် ကတော့ အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုအဖြစ်ဝင်ရောက် အားဖြည့်ပါဝင်ရင်း ပိုမိုလူသိများလာခဲ့ကာ နောက်ပိုင်းမှာ သတိထားစရာ အပြုအမူ အလှတရားတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖခင်ရဲ့ အနုပညာသွေးအပြည့်ပါခဲ့တဲ့ သဇင်ထူးမြင့်က အောင်မြင်မှုတွေနဲ့ စတင်လျှောက်လှမ်းနေပြီဖြစ်ပါတယ်။

Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။  ရိုးရှင်းအေးချမ်းတဲ့ ဝတ်စုံလေးတွေကို ပိုပြီးကြိုက်နှစ်သက်တဲ့ သဇင်ထူးမြင့် ဟာ မကြာခဏဆိုသလို  tik tok လေးတွေလည်း ဆော့ကစားပြီး ဖော်ပြပေးပါတယ်။  ယခုမှာလည်း သူမရဲ့ ပရိသတ်တွေ ချစ်အားပိုလောက်မယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page
Photo Credit - Thazin Htoo Myint fb page

ဒီဗီဒီယိုလေးထဲမှာတော့ သဇင်ထူးမြင့် က ခေတ်စားနေတဲ့ သီချင်းလေးနဲ့အတူ အသည်းယားစရာဟန်အမူအရာလေးတွေနဲ့ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ tik tok လေးကလည်း မိနစ်ပိုင်းအတွင်း ကြည့်ရှု့သူများပြီး ရေပန်းစားနေတာကို တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ချစ်စရာအပြုံးလေးတွေ နဲ့ ဖမ်းစားထားတဲ့ သဇင်ထူးမြင့် ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ် Video Credit & Source - Thazin Htoo Myint fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T