ကွယ်လွန်သွားရှာပြီဖြစ်တဲ့ လူရွှင်တော်ဦးဂေါ်ဇီလာရဲ့မိခင်ကြီးကိုနာရေးသုသာန်သို့ ကိုယ်တိုင်ကားမောင်းပြီး လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဦး​ကျော်သူ

//s9.kh1.co/7c/7ced9b081fbced9200dbad39df49d3b82322cfb0.jpg
အနုပညာရှင်များ

 ၁၈-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ လူရွှင်တော်ဦးဂေါ်ဇီလာရဲ့မိခင်ကြီးကိုနာရေးသုသာန်သို့ ကိုယ်တိုင်ကားမောင်းပြီး လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ ဦး​ကျော်သူ

မင်းသားကြီးဦးကျော်သူကတော့ တစ်ချိန်က အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ပါတယ်။ ဦးကျော်သူကတော့ ကိုယ်ကျိူးစွန့်ပြီး ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေတာကြောင့် အများရဲ့ ချီးကျူးမှုကိုလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဦးကျော်သူကတော့ ယခုမှာ ကွယ်လွန်သွားပြီဖြစ်တဲ့လူရွှင်တော်ဦးဂေါ်ဇီလာရဲ့မိခင်ကြီးကို နာရေးသုသာန်သို့လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။

Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc

ဦးကျော်သူကတော့ " လူရွှင်တော် ဦးဂေါ်ဇီလာ၏ မိခင်ကြီး ဒေါ်မြင့်မြင့်အေး အသက်(၈၂)နှစ် သည် (၁၇.၁၂.၂၀၂၀) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရှိနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်ကွယ်လွန်သူ အမေကြီး ဒေါ်မြင့်မြင့်အေး၏ ရုပ်ခန္ဓာအားယနေ့ န့နက်(၉း၃၀)နာရီတွင် နေအိမ်မှ ရေ၀ေးသုသာန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ(အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ပါသည်ထိုသို့ ပို့ဆောင်မှုတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ရုပ်ရှင်သရုပ်ဆောင် ဇွဲလရောင်တို့မှ နိဗ္ဗာန်ယာဥ်မောင်းနှင်၍ စေတနာ့လုပ်အားပေး အသင်းသား/အသင်းသူ များမှဖေးမကူညီပေးခဲ့သည် "ဆိုပြီး ရေးသားထားပါတယ်။

Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc

ဦးကျော်သူကတော့ " အမေကြီး ဒေါ်မြင့်မြင့်အေး၏ စျာပနအား (၂၁.၁၂.၂၀၂၀) တနင်္လာနေ့ နံနက်(၁၁း၀၀)နာရီတွင် ရေဝေးသုသာန် ခန်းမ(၁/က)၌ ကျင်းပမည်ဖြစ်ပြီး ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပါသည်။အမေကြီး ဒေါ်မြင့်မြင့်အေးကောင်းရာသုဂတိလားပါစေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ဦးကျော်သူရဲ့ ကိုယ်တိုင်လာပါပို့ဆောင်ပေးခဲ့တဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : Kyaw Thu ' s Facebook Acc

Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Photo Credit: Kyaw Thu ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T