ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ သရုပ်ဆောင် ၊ အဆိုတော် ယုန်လေးကတော့ အနုပညာလှုပ်ရှားမှု အသစ်အဆန်းတွေကို အမြဲဖန်တီးလေ့ရှိတာဖြစ်ပြီး သူရဲ့ ဖန်တီးမှုတိုင်းကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ။ ယုန်လေးက ဆယ်စုနှစ်တစ်ခုကြာတိုင်အောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်ခဲ့ပြီး ပရိသတ်အားပေးမှု အခိုင်အမာကိုလည်း ရရှိထားကာ သီဆိုထားတဲ့ သူရဲ့ သီချင်းတွေကလည်း လူငယ်ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။

ဒါ့အပြင် ယုန်လေးက သရုပ်ဆောင်ရာမှာ တိကျပိုင်နိုင်ပြီး ပီပြင်တာဖြစ်လို့ သူပါဝင်တဲ့ ဇာတ်ကားတိုင်းကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ထွက်ရှိအောင်မြင်ထားတဲ့ Orginal Gangstar ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကောင်းဆုံး သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ထားတာတွေ့ရပါတယ်။

သူငယ်ချင်းဖြစ်တဲ့ မြင့်မြတ် ၊ ထူးခြားတို့နဲ့အတူ ပါဝင်ရိုက်ကူးရင်း အမှတ်တရတွေများတဲ့ ဇာတ်ကားဖြစ်လို့ ယနေ့မှာတော့ လူမှုကွန်ယက် စာမျက်နှာထက်မှာ" ဘဝ အတွက် အမြဲတမ်းအမှတ်တရဖြစ်စေတဲ့ ဇာတ်ကားလေး ORIGINAL GANGSTER" ဆိုတဲ့ စာသားလေးနဲ့ အတူ ပုံရိပ်လေးတွေကို ပြန်လည်ဝေမျှလာခဲ့ပါတယ်။ ကြည့်မိသူတိုင်း အကြိုက်တွေ့ရတဲ့ ဒီဇာတ်ကားလေးကိုရဲ့ ရိုက်ကွင်းထက်က ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.... .။


သတင်း အရင်းအမြစ်៖ Source - Yone Lay's Facebook Account





