ပရိသတ်ကြီးရေ မင်းသမီးချောလေးချမ်းမီမီကိုကတော့ အနုပညာလောကထဲကိုပြန်လည်ဝင်ရောက်လာပြီး အလုပ်လေးတွေပြန်လုပ်နေတာဖြစ်ပါတယ်။ချမ်းမီမီကိုဟာဆိုရင် ဟိုးအရင်ခေတ်ကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့ ချမ်းမီမီကိုကို အရင်အတိုင်းအားပေးနေကြဆဲဖြစ်ပါတယ်။ချမ်းမီမီကိုက အနုပညာလောကနဲ့အဆက်အသွယ်ပြတ်နေတဲ့ကာလမှာဆိုရင် တရားစခန်းတွေဝင်ပြီး တရားဘာဝနာတွေပွားများခဲ့တာဖြစ်ပါတယ်နော်။


ချမ်းမီမီကိုက တရားအသိတွေများစွာသိနားလည်လာတာကြောင့် ငယ်ငယ်တုန်းကထက် ပိုမိုရင့်ကျက်လာပြီး စကားပြောတာလေးကအစ အေးအေးဆေးဆေးနဲ့ နူးညံ့သိမ်မွေ့နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ချမ်းမီမီကိုက "သစ္စာဖောက်တယ်ဆိုတာ သားသတ်သမားနဲ့တူသလိုပဲ သူကသတ်နေကျဆိုတော့ လက်ယဉ်နေပြီ သူ့အနေနဲ့မထူးဆန်းတော့ဘူးလေ ကိုယ်ပဲမလုပ်တတ်တာ"ဆိုပြီး သူမခံစားချက်အတိုင်း ရေးသားထားသလို နောက်ထပ်လည်း ပရိသတ်တွေ စိတ်အေးချမ်းပျော်ရွှင်နိုင်ဖို့အတွက် ဆရာတော်မှာကြားထားတာလေးကို အောက်ပါအတိုင်းမျှဝေလာတာဖြစ်ပါတယ်နော်။



"ဘဝမှာ တစ်ခါတစ်ခါ အရမ်းခံစားရခက်တဲ့ စိတ်ဒဏ်ရာတွေအများကြီးရှိပါတယ် တစ်ခါတစ်ခါ ကိုယ်တန်ဖိုးထားတဲ့ ချစ်ခြင်းတွေဆုံးရှုံးတဲ့အခါ မင်းမှတ်ထားပါ ဆရာတော်မှာကြားထားတဲ့အတိုင်း သူဟာသူ ကိုယ်မဖြစ်စေနဲ့တဲ့ သူ့အကုသိုလ် သူသွားလိမ့်မယ် ကိုယ်လည်းမခံစားရတော့ဘူးပေါ့ သမင်ဟာ မိမိအစာဖြစ်တဲ့မြက်ကိုသာမြင်တယ် ပတ္တမြားတွေ့ရင်တောင်တန်ဖိုးထားရကောင်းမှန်းနားမလည်တတ်ဘူး ခြေဖြင့်နင်းပြီး မြက်ကိုသာရှာဖွေစားနေဦးမှာပဲလေ အဲ့လိုတရားဓမ္မတွေရှိလျက်နဲ့ သမင်လို တန်ဖိုးထားရကောင်းမှန်းမသိလို့မဖြစ်ဘူး လူတိုင်းလူတိုင်းအရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ မိမိစိတ်သာပဓာဏဖြစ်တယ်ဆိုတာ လုံးဝ100%ပါ စိတ်ဖြေသာပျော်ရွှင်နိုင်ကြပါစေ"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်နော်။


Source &Photo Credit:Chan Mi Mi Ko's Facebook Account