ပရိသတ်ကြီး ချစ်စရာကောင်းသလို အကလည်းတော်တဲ့ မင်းသမီးချောလေးကတော့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ အမြဲအချစ်ပိုအောင် ဖမ်းစားတတ်တဲ့ ပြည်သူ့အချစ်တော်လေး ဧငြိမ်းဖြူပဲ ဖြစ်ပါတယ်နော်..။
A လို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး နိုင်ငံခြားသူလေးတစ်ယောက်လို ကျော့ရှင်းစွာဆွဲဆောင်မှုတွေ ရှိလွန်းတဲ့ ဧငြိမ်းဖြူလေးဟာ အမိုက်စားပုံရိပ်လေးတွေနဲ့လည်း လိုက်ဖက်သလို ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ လှသွေးကြွယ်တတ်သူလေးပါ..။



သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှလေ့ရှိပြီး Tik Tok ဗီဒီယိုဖိုင်လေးတွေနဲ့လည်း အချစ်ပိုစေတဲ့ Aဟာ အခုတစ်ခါမှာလည်း ကျက်သရေရှိလွန်းတဲ့ ရွှေဝါရောင်မြန်မာဝတ်စုံလေးနဲ့လည်း မဟာဆန်စွာ လှရက်လွန်းနေပြန်ပါတယ်နော်..။
သူမရဲ့ဖြူဖွေးဝင်းဝါတဲ့ အသားအရေလေးနဲ့ လိုက်ဖက်တဲ့ရွှေအိုရောင် မြန်မာဝတ်စုံလေးကို ရိုးရိုးယဉ်ယဉ်လေးဝတ်ဆင်ကာ လက်ဖျားခါလောက်အောင် ကျော့ရှင်းတဲ့အလှတရားတွေနဲ့ နတ်မိမယ်လေးတမျှ ကျက်သရေရှိစွာလှရက်လွန်းနေတာပဲ ဖြစ်ပါတယ်နော်..။



"အရမ်းလှတဲ့ မြန်မာဝတ်စုံလေး ဝတ်ထားရသောအခါ ❤️.." ဆိုပြီး ကျော့ရှင်းစွာ ကျက်သရေရှိရှိ လှသွေးကြွယ်ရက်လွန်းနေတဲ့ သူမရဲ့ပံရြိပ်လေးတွေကို A က ချစ်စရာကောင်းစွာ ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။
အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ကြွေရုပ်လေးလို ချစ်စရာကောင်းစွာ ဘှနေတဲ့ ဧငြိမ်းဖြူရဲ့ ပုံရိပ်လေးတွေကို သဘောကျစွာနဲ့ အားပေးချစ်ခင်နေကြပြီး Comment လေးတွေနဲ စကားလေးတွေ အပြိုင်ပြောထားကြတာ တွေ့ရပါတယ်နော်..။


သတင်း အရင်းအမြစ်៖ A Nyein Phyu's Fb Acc