မင်းသမီးချောလေး မြတ်ရတနာကျော် ကတော့ ချစ်စရာ အမူအရာလေးတွေနဲ့ နိုင်ငံခြားသူလေး တစ်ယောက်လို လှပ နေတာကြောင့် ပရိသတ်တွေကြား မှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး ရင်းနှီး ဖော်ရွင်တတ်တဲ့ သူလေးပဲ ဖြစ်ပါတယ်။မြတ်ရတနာကျော်ဟာ ဝတ်စားဆင်ယင် မှုမှာလည်း အခြားသူများနဲ့ မတူပဲ ဆန်းသစ်လှပ တဲ့ ဖက်ရှင်တွေဝတ်ဆင်ကာ ဘိုမရုပ်လေးလို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက ကြိုက်နှစ်သက် အားပေးနေကြတာလည်းဖြစ်ပါတယ်။


သူမဟာ အနုပညာ လှုပ်ရှားမှုတွေ ကို ဆက်လက် လုပ်ကိုင်နေပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူး နေတာပဲ ဖြစ်ပါတယ်။မြတ်ရတနာကျော်ဟာ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားပြီး အသားအရည်ကလည်း မြင်သူ ငေးရလောက်အောင် ဖြူဝင်းဥ နေတာပဲ ဖြစ်ပါတယ်။ဒါ့အပြင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာဖြစ်ပြီး သူမရဲ့ သမီးလေး Scarlett Phyo Tun ဟာလည်း တစ်နေ့တစ်ခြားပိုချစ်ဖို့ကောင်းလာတာပဲဖြစ်ပါတယ်။


လတ်တလောမှာလည်း သူမကို Live sale တွေမှာ တွေ့ရတတ်တာ ဖြစ်ပြီး ပရိသတ်အများအပြား အားပေးဝန်းရံကြတာလည်းတွေ့ရပါတယ်။မကြာသေးခင် အချိန်မှာတော့ သူမရဲ့ Facebook စာမျက်နှာမှာ "Blissful Winter Vibe to Promote Positive Spirit" ဆိုတဲ့ ခေါင်းစဥ်လေးနဲ့အတူ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးရေ မြတ်ရတနာကျော်ရဲ့ ရန်ခုန်စရာကောင်းပြီး ညို့ယူဖမ်းစားထားတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...............။






သတင်း အရင်းအမြစ်៖ Myat Yadanar Kyaw FB Account





