မဟာလောကမာရဇိန်ထန်းဘုရားကြီး မျက်နှာတော်အား ရွှေစင်ရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ရွှေသင်္ကန်း ကပ်လှူလိုက်တဲ့ အကယ်ဒမီဝါဝါဝင်းရွှေ

//s9.kh1.co/64/643ad2c5662c6f5a1bab13eb451c412043779b8a.jpg
အနုပညာရှင်များ

 ၁၇-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၄ နှစ် က

..

ပရိသတ်ကြီးရေ.. အကယ်ဒမီဝါဝါဝင်းရွှေလို့ ဆိုလိုက်တာနဲ့ သရုပ်ဆောင်ပီပြင်ကောင်းမွန်တဲ့အပြင် ကျက်သရေရှိလွန်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး အေးချမ်းစွာလှလွန်းတဲ့ သရုပ်ဆောင်မင်းသမီးကြီးကို ပရိသတ်တွေမြင်ယောင်မိကြမှာပါနော်..။

အန်တီဝါလို့အားလုံးက ချစ်စနိုးခေါ်ကြပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားကာ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားပြီး သူမရဲ့ဇာတ်ကားတွေကလည်း ပရိသတ်တွေကြား အတော်လေးကို အောင်မြင်ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်နေပြီး အခုတစ်ခါမှာလည်း အားလုံးကချစ်ရတဲ့ အန်တီဝါတစ်ယောက် မကြာခင်မှာ ကျရောက်မယ့် သူမရဲ့မွေးနေ့လေးအတွက် မွေးအလှူအဖြစ် မဟာလောကမာရဇိန်ထန်းဘုရားကြီး မျက်နှာတော်အား ရွှေစင်ရွှေသားစစ်စစ်နဲ့ပြုလုပ်ထားတဲ့ ရွှေသင်္ဃန်းကပ်လှူ ကုသိုလ်ယူခဲ့ပါတယ်နော်..။

ထို့အပြင် Covid ကာလမှာ Online စနစ်နဲ့ တိုက်ရိုက် Live လွှင့်ပြီး ဇန်နဝါရီ လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ဆရာတော်ကြီး ၇ပါး တရားရေအေး တိုက်ကျွေးမယ့် ၂၀၂၁ နှစ်ဦးဓမ္မသဘင်ကြီးကို တရားပွဲအလှူအတွက် ငွေကျပ် (၁၀) သိန်းကိုလည်း လှူဒါန်းခဲ့ပါသေးတယ်..။

Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc

"30 -12 -2020 နေ့တွင်ကျရောက်မည့် မွေးနေ့အတွက်

မဟာ လောက မာရဇိန် ထန်းဘုရားကြီး၏ မျက်နှာတော်အား၊

ရွှေ စင် ရွှေ သားစစ်စစ်ဖြင့် ရွှေသင်္ဃန်း ကပ်လှူ ရန်၊

ငွေ ကျပ် ၃ သိန်းအားလှူဒါန် ပူဇော်လိုက်ပါသည်

နတ် လူ သာဓု ခေါ်စေသော်.." ဆိုပြီး သူမရဲ့အလှူလေးကို ဝေမျှထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေနဲ့ ချစ်ရတဲ့မိတ်ဆွေတွေကလည်း အန်တီဝါရဲ့ မွေးနေ့အလှူလေးကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ကာ ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc
Photo Credit - Wa Wa Win Shwe's Fb Acc

သတင်း အရင်းအမြစ်PhWa Wa Win Shwe's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T