ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ သရုပ်ဆောင်ကောင်းပြီး ချစ်စရာလည်းကောင်းကာ စိတ်သဘောထားလေးလည်း ဖြူစင်သူလေးမို့ ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်နော်..။
ရွှေပိုးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမရဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ကြော်ငြာတွေနဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတဲ့ သူမကိုတော့ ယောကျ်ားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြသူလေးပါ..။


သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမြင်တွေ့စေတဲ့ ရွှေပိုးတစ်ယောက်ကတော့ အခုတစ်ခါမှာလည်း လွန်ခဲ့တဲ့ ၁၄နှစ်က ပုံရိပ်လေးတွေနဲ့ အခုလက်ရှိပုံလေးတွေကို နှိုင်းယှဉ်ကာ သူမရဲ့ပြောင်းလဲမှုလေးတွေကို ချပြလိုက်ပါတယ်နော်..။
၁၄ နှစ်အတွင်း မယုံနိုင်လောက်အောင်ပြောင်းလဲခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို ယှဉ်တွဲချပြလိုက်တာဖြစ်ပြီး ကြိုးစားမှုလေးတွေကြောင့် အဆီပိုတွေကင်းကာ အချိုးအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှလေးတွေ ပိုင်ဆိုင် ပေါ်လွင်နေတာပဲ ဖြစ်ပါတယ်နော်..။


"2006 & 2020.." ဆိုပြီး သူမရဲ့ ပြောင်းလဲမှုတွေကို ရွှေပိုးက ချစ်ပရိသတ်တွေကို မျှဝေထားတာဖြစ်ပြီး ပရိသတ်တွေကလည်း သဘောကျစွာ ချီးကျူးထားကြတာလည်း တွေ့ရပါတယ်နော်..။
ကဲ.. ဒီကနေ့လေးမှာ ကြိုးစားမှုတွေနဲ့အတူ ပြောင်းလဲလှပနေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ရွှေပိုးအိမ်ရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်ပေးလိုက်တာမို့ အသည်းလေးတွေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။



သတင်း အရင်းအမြစ်៖ PhoShwe Poe Eain's Fb Acc