လူငယ်တစ်ယောက်ဖြစ်ပြီး သွတ်လက်ထက်မြတ်တဲ့ ပရိသတ် အချစ်တော် ရတနာမိုင်ကတော့ သီချင်းတွေကို ခံစားသက်ဝင်မှု အပြည့်နဲ့ သီဆိုတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ ဝါရင့် အဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ မိုင်ရဲ့ တစ်ဦးတည်းသော သမီးလေးလည်း ဖြစ်ပြီး မိုင်ရဲ့ လမ်းညွှန်မှုတွေရဲ့ အောက်မှာ ကောင်းစွာ နေထိုင်ပြီး အနုပညာ လမ်းကို ဆက်လက်လျှောက်လှမ်းနေကာ ကြိုးစားနေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။


အမြဲတမ်းတက်ကြွပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို လုပ်ပြတက်တဲ့ ရတနာမိုင်ကတော့ ယခုဆိုရင် ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်ရှိလာပြီး အောင်မြင်ကျော်ကြားခဲ့တာ ဆယ်စုနှစ်မက ကြာခဲ့ပါပြီ။ သူမရဲ့ ရိုးသားပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကြောင့်လည်း ရောက်တဲ့နေရာတိုင်းမှာ အဆင်ပြေချောမွေ့ နေတာပဲဖြစ်ပါတယ်။ ရတနာမိုင် ကတော့ လူငယ်ပရိသတ်လေးတွေ သည်းသည်းလှုပ်ချစ်တာကို ခံနေရတာသူတစ်ဦးလည်း ဖြစ်ပါတယ်။ မကြာသေးမီကလည်း The Mask Singer အစီအစဉ်မှာ ဒိုင်တစ်ဦး အဖြစ်ပါဝင်ခွင့် ရရှိခဲ့ပြီး သူမရဲ့ အမှန်းတော်ပုံကတော့ ကြည့်မိသူတိုင်း လက်ဖျားခါလောက် ရအောင် မှန်လွန်းနေတာပဲဖြစ်ပါတယ်။


ယခုအခါမှာလည်း လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူပျော်ပျော်ရွှင်ရွှင်တွဲရိုက်ထားတဲ့ ပုံလေးတွေကို “မကြာခင်ထွက်ရှိတော့မယ့် မမအထာ သီချင်း MV Shooting ရိုက်ကူးရေးအမှတ်တရ” ဆိုပြီးခေါင်းစဉ်တပ်ကာ မျှဝေထားတာပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်လို ရိုးသားပြီး ဟန်ဆောင်မှု ကင်းမဲ့တဲ့ အပြုံး၊ ညို့အားပြင်းတဲ့ အကြည့်တွေကြောင့်လည်း ပရိသတ်တွေက သည်းသည်းလှုပ်ချစ်နေကြတာ ဆို ရင်လည်း မမှားပါဘူး။ ချစ်ပရိသတ်တွေကလည်း ရတနာမိုင် မကြာခင်ထွက်ရှိမည့် သီချင်းကိုလည်း စောင့်မျှော်အားပေး လိုက်ကြပါဦးနော်….။


သတင်း အရင်းအမြစ်៖ Yadanar My Facebook Page





