ကလေးလေးတစ်ယောက်လိုသနပ်ခါးလေးနဲ့ ချစ်စရာကောင်းနေပြီးပရိသတ်တွေရဲ့အသည်းကိုဖမ်းစားလိုက်ကာ မင်းပြုံးရင်တကယ်ကိုချောသည် ပါးနှစ်ဖက်မှာသနပ်ခါးရှိသည် ဆိုပြီးပြောလာတဲ့ပိုပို

//s9.kh1.co/1c/1c8a9599190d62e4553758fcc72f63cc2d850744.jpg
အနုပညာရှင်များ

 ၁၇-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၅ နှစ် က

..

ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျပြီးအသဲကွဲသီချင်းလေးတွေကို အများဆုံးသီဆိုတတ်ပြီးအသံပါဝါအားကောင်းတဲ့ သူလေးကတော့ အဆိုပိုပိုပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းတွေကလည်းအောင်မြင်ကျော်ကြားလူ ကြိုက်များခဲ့တဲ့သီချင်းများဖြစ်ပြီးပရိသတ်တွေရဲ့ ရင်ထဲကိုထိထိမိမိ ရောက်အောင်ပို့ပေးနိုင်သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ စိတ်သဘောထားလေးကလည်း ဖြူစင်ပြီးပွင့်ပွင့်လင်းလင်း နေထိုင်တတ်တာကြောင့်လည်း ပရိတ်သတ်တွေက ချစ်မဝသူလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်ကာ ဘဝကိုလည်းကြိုးစားပြီး ထက်မြတ်သူလေးတစ်ယောက်ဖြစ်သလို ပကာသနမရှိပဲကြည့်လိုက်တိုင်းဖြူစင်အေးချမ်းနေတဲ့ သူလေးကတော့ ပိုပိုလေးပဲ ဖြစ်ပါတယ်။

Photo credit. ပိုပို  FB Page
Photo credit. ပိုပို  FB Page
Photo credit. ပိုပို  FB Page
Photo credit. ပိုပို FB Page

Faceebook Page မှာလည်းသူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုအမြဲတင်ပေးလေ့ရှိပြီး ဒီနေ့မှာလည်း အိမ်မှာနေရင်း သနပ်ခါးလေးနဲ့ ချစ်စရာကောင်းတဲ့ သဘာဝပုံလေးတွေကအေးမြစေပါတယ်။ တည်ငြိမ်တဲ့ အပြုံးတွေအောက်မှာလည်း ချစ်ပရိသတ်တွေရဲ့ အသည်းကိုဖမ်းစားလိုက်ပြန်ပြီနော်။ လှပတဲ့ အသားရေလေးကြောင့်လည်းအိမ်နေရင်းလေးနဲ့တောင်ထင်ပေါ်နေပြီး သွယ်လျလှပတဲ့ လက်မောင်းလေးတွေကြောင့်လည်း အကျီႍလက်ပြတ်လေးနဲ့ လှပကျော့ရှင်းနေတာပဲဖြစ်ပါတယ်။ကျန်းမာရေးလိုက်စားသူဖြစ်ပြီအဆီပိုမရှိတဲ့ကိုယ်လုံးလေးကြောင့်လည်း ဘာလေးပဲဝတ် ဝတ်လိုက်ဖက်နေကာ လှပနေသူလေးကတော့ပိုပိုလေးပါပဲ။

Photo credit. ပိုပို  FB Page
Photo credit. ပိုပို FB Page
Photo credit. ပိုပို  FB Page
Photo credit. ပိုပို FB Page

ပရိသတ်တွေကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူမကလည်းသီချင်းအသစ်တွေကိုအမြဲဖန်တီးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ခေတ်ရေစီးကြောင်နှင့်အညီဖက်ရှင်များကိုလည်း ဝတ်စားတတ်ပြီး ဆန်းသစ်တဲ့ အမြင်တွေနဲ့အမြဲမြင်တွေ့နေရသူတစ်ယောက်ဖြစ်ပြီး ဒီနေ့မှာလည်း သူမရဲ့ Faceebook Page မှာ “မင်း ပြုံးရင်တကယ်ကို ချောသည် ပါးနှစ်ဖက်မှာသနပ်ခါးရှိသည်” ဆိုပြီး caption လေးနဲ့ အတူအေးချမ်းတဲ့အလှတရားတွေနှင့် သူမရဲ့ ပုံလေးတွေကိုတင်ပေးလာတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက်ပိုပိုရဲ့ ပုံလေးတွေကိုပြန်လည်ကြည့်ရှု့လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ပိုပိုအတွက်လည်းစကားလက်ဆောင်လေး တစ်ခွန်းလောက်ပြောပေးသွားဦးနော်။

Photo credit. ပိုပို  FB Page
Photo credit. ပိုပို FB Page
Photo credit. ပိုပို  FB Page
Photo credit. ပိုပို FB Page
Photo credit. ပိုပို  FB Page
Photo credit. ပိုပို FB Page

သတင်း အရင်းအမြစ် ပိုပို FB Page

Aye Sandar Htwe
Sandar

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T