ဦးအောင်ခိုင်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ စွယ်စုံရသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ် ရှင်ဇာတ်ကားကြီးတွေအပြင် ဗီဒီယိုဇာတ်ကားတွေကိုပါ ရိုက်ကူးလျက်ရှိနေခဲ့တဲ့ ဦးအောင်ခိုင်ကတော့ ဇနီးသည်ဝါဝါအောင်နဲ့အတူ အေးချမ်းသာယာတဲ့မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


ဦးအောင်ခိုင်ကတော့ ယနေ့အချိန်ထိအနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ယနေ့မှာတော့ အကယ်ဒမီထူးချွန်ဆုကို ၂ကြိမ်ရရှိခဲ့တဲ့ ဝါရင့်မင်းသမီးကြီးဒေါ်အေးအေးသင်းဟာ လူကြီးရောဂါဖြင့် အသက်၇၆နှစ်မှာပင် ကွယ်လွန်သွားပြီပဲဖြစ်ပါတယ်။ ဦးအောင်ခိုင်ကတော့ ယနေ့မနက်မှာတင်ကွယ်လွန်သွားပြီဖြစ်တဲ့ အကယ်ဒမီဆုရှင်မင်းသမီးကြီးဒေါ်အေးအေးသင်းအတွက် လိုအပ်တာတွေကိုသွားကူညီပေးခဲ့ပါတယ်။



ဦးအောင်ခိုင်ကတော့ " ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဒေါ်အေးအေးသင်းအသက်(၇၆)နှစ်သည်ယနေ့(၁၇/၁၂/၂၀၂၀)နေ့နံက်၆/၁၅အချိန်တွင်၉၆ပါးရောဂါဖြင့်မှော်ဘီမြို့တွင်ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလိုအပ်သည်များကိုဆောင်ရွက်ပေးခဲု့ပါသည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဦးအောင်ခိုင်ရဲ့ အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source: Aung khine 's Facebook Acc








