အနုပညာမျိုးရိုးမှဆင်းသက်လာပြီး မော်ဒယ်လ်လောက ကနေ သရုပ်ဆောင်အလုပ်ကို ကူးပြောင်းလာတဲ့ သရုပ်ဆောင် သံစဉ်မောင်ကတော့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ရိုးရိုးယဉ်ယဉ်လေးတွေ ဝတ်ဆင်ထားပြီး ပရိသတ်တွေကို သူမရဲ့ အလှတွေချပြ လိုက်တာပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် ဘေဘီမောင်ရဲ့ အချစ်ဆုံး ညီမလေးတစ်ဦး ဖြစ်ပြီး အစ်မ ဖြစ်သူရဲ့ ပံ့ပိုး လမ်းညွှန်မှု အောက်မှာ လိမ္မာစွာ နားထောင်နေထိုင်ပြီး အနုပညာ အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေကာ ပရိသတ်တွေရဲ့ လက်ခံ အာပေးမှုကို အခိုင်အမာ ရရှိထား တဲ့ သူတစ်ဦး လည်းဖြစ်ပါတယ်။


သံစဉ်မောင် ကတော့ ကျစ်လစ် သွယ်လျတဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာ မက ကြည်လင်ဝင်းပပြီး မြင်သူတိုင်းရဲ့ ရင်ထဲ အေးမြစေတဲ့ မျက်နှာ အမူအရာတွေကြောင့် လည်း ပရိသတ်တွေက အချစ်ပို နေကြတာပဲဖြစ်ပါတယ်။ သူမရဲ့ အသံဟာလည်း ချိုသားပြီး စွဲဆောင်မှုရှိနေတာကြောင့် ပုရိသတွေရဲ့ အသည်းစွဲ တစ်ဦး ဖြစ်နေရတာ ပဲဖြစ်ပါတယ်။အစ်မဖြစ်သူ ဘေဘီမောင်နဲ့လည်း အမြဲ သင့်မြတ်နေတာတွေကို TikTokလေးတွေတင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ယူလေ့ ရှိပါတယ်။ သံစဉ်မောင်ကတော့ မြန်မြန်ဆန်ဆန် ရိုးရိုး ရှင်းရှင်းလေးတွေ ဝတ်ဆင်ကာ အမြဲ ဝေမျှလေ့ရှိသူတစ်ဖြစ်ပါတယ်။


အခုအခါမှာ လည်း ကျစ်လစ်ပြီးသွယ်လျ တဲ့ ခန္ဓာကိုယ်ထက်မှာ ရိုးရိုးယဉ်ယဉ်လေး ဝတ်ဆင်ကာ လှသွေးကြွယ်နေတာကို “ချစ်တာတစ်ခုတည်းနဲ့တော့ကိုယ့်ကိုကိုယ်ပြောင်းလဲပေးလိုက်စရာမလိုပါဘူး
ပျော်ပျော်နေတာကိုချစ်တဲ့သူက လိုက်ပျော်ပေးနိုင်မှာပဲ ကလေးဆန်တာကိုချစ်တဲ့သူက နားလည်ပေးနိုင်မှာပဲတည်ငြိမ်တာကိုချစ်တဲ့သူကလဲ ဘေးမှာရယ်မောစေနိုင်မှာပဲကိုယ်ဘယ်လိုနေနေ ချစ်တဲ့သူကချစ်တာပါပဲ” ဆိုတဲ့ခေါင်းစဉ်လေးတပ်ပြီး ချပြလိုက်တာကို ပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ သူမဟာ ရင့်ကျက်တည်ငြိမ်သူတစ်ဦး ဖြစ်ပြီး ချစ်တဲ့သူကတော့ ချစ်မှာပဲ ဘာမှပြုပြင်ပေးစရာ မလိုကြောင်း ပြောပြပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း သံစဉ်မောင်ရိုးရိုးယဉ်ယဉ်လေး ဝတ်ပြီး လှနေတာ ကို ချစ်ရင် အသည်းလေးတွေ ပေးခဲ့ကြ ဦးနော်….။


သတင်း အရင်းအမြစ်៖ Than Sin Maung Facebook account