သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကတော့ ကလေးဆန်တဲ့ ချစ်စရာ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ယောကျာ်းလေးပရိသတ်တွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။


နွယ်ဒါလီထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ် ။လတ်တလောမှာတော့ ဖြူဝင်းဥနေတဲ့ အသားအရည်လေးရယ် ချစ်စရာအပြုံးလေးတွေနဲ့ ကိုရီးယားမင်းသမီးလေးလားထင်မှတ်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းတဲ့ အထာကျကျ အမိုက်စားအလှပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။


ကြွေရုပ်လေးလား ထင်မှားလောက်တဲ့ သူမရဲ့ ချစ်စရာဟန်ပန်လေးတွေကြောင့် မိန်ကလေး အများစု အားကျနှစ်သက်နေတာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း နွယ်ဒါလီထွန်းရဲ့ ဆွဲဆောင်မှုရှိရှိ စမတ်စ်ကျကျလှနေတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။နွယ်ဒါလီထွန်းလည်း ဒီထက်မက အောင်မြင်မှုတွေ ရပါစေဆုတောင်းပေးလိုက်ပါတယ်။


Source & Photo Credit : Nwe Darli Htun Facebook Page





