တင်မောင်ဆန်းမင်းဝင်း ကနေတာကိုကြည့်ပြီး အောက်ကနေ လိုက်ပြောင်ကာ အပီအပြင်ကနေကြတဲ့ မေတ္တာမြင့်မြတ်ဟိန်းရဲ့ ဗီဒီယို

//s9.kh1.co/f1/f19d973aa19ccb7dc697678952cf1419c0f26f91.jpg
အနုပညာရှင်များ

 ၁၇-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ လူရွှင်တော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဦးမေတ္တာကတော့ သူ့ရဲ့သားလေးဖြစ်တဲ့ မေတ္တာမြင့်မြတ်ဟိန်းကို အနုပညာအမွေတွေပေးခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိလာအောင် တွန်းအားပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ မေတ္တာမြင့်မြတ်ဟိန်း ကတော့ လက်ရှိမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိလာခဲ့ပြီး ဟန်ဇာမိုးဝင်း နဲ့ တင်မောင်ဆန်းမင်းဝင်း တို့ရဲ့ ဇာတ်အဖွဲ့ထဲမှာ ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit- Myittar Myint Myat Hein fb account
Photo Credit- Myittar Myint Myat Hein fb account
Photo Credit- Myittar Myint Myat Hein fb account
Photo Credit- Myittar Myint Myat Hein fb account

ဒါ့အပြင် မေတ္တာမြင့်မြတ်ဟိန်းက ကိုဗစ်တိုက်ဖျက်ရေးကာလလေးမှာလည်း ပရဟိတအဖွဲ့သားတွေနဲ့အတူ ကိုယ်ကျိုးမငဲ့ပဲ လုပ်ကိုင်ပေးနေတာကို တွေ့ရပါတယ်။ မကြာခဏဆိုရင်လည်း ပျော်ပျော်ပါးပါး နေတတ်တဲ့ မေတ္တာမြင့်မြတ်ဟိန်းက ပရိသတ်တွေအတွက် ရယ်စရာဟာသဗီဒီယိုလေးတွေ ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း သူ့ရဲ့ပရိသတ်တွေ ပျော်ရွှင်ကြည်နူးစရာဖြစ်အောင် ရယ်မောစရာ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Myittar Myint Myat Hein fb account
Photo Credit- Myittar Myint Myat Hein fb account
Photo Credit- Myittar Myint Myat Hein fb account
Photo Credit- Myittar Myint Myat Hein fb account

ဒီဗီဒီယိုလေးထဲမှာတော့ မေတ္တာမြင့်မြတ်ဟိန်းက တင်မောင်ဆန်းမင်းဝင်း ဆင်ပေါ်မှာ မြူးကြွတဲ့ သီချင်းနဲ့ဇာတ်တိုက်နေတာကို ဆင်အောက်နေ ဟန်ဇာမိုးဝင်းတို့နဲ့အတူ ကကွက်မျိုးစုံထုတ်သုံးပြီး အပီအပြင်ကနေတာကို ရိုက်ထားတဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ အတွဲညီညီနဲ့ ဆင်အောက်မှာ စိတ်လွတ်ကိုယ်လွတ် ကနေတာကိုတော့ သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ပရိသတ်ကြီးရေ မေတ္တာမြင့်မြတ်ဟိန်းရဲ့ ရယ်စရာဗီဒီယိုလေးကို ကြည့်ရှု့ရင်း တစ်နေ့တာအချိန်လေးတွေကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါစေ။

သတင်း အရင်းအမြစ် Video Credit & Source - Myittar Myint Myat Hein fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T