ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ဇေရဲထက်က အနုပညာအလုပ်တွေ ရပ်နားထားပေမယ့် သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဝေမျှလေ့ရှိသူပါ။ ဇေရဲထက်ဟာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ယနေ့အချိန်ထိလည်း အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။

ဇေရဲထက်က ဖြူဖွေးဥနေတဲ့ အသားအရည်နဲ့ ယောကျာ်းပီသတဲ့ မျက်နှာကြောင့် ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အကြိုက် မင်းသားတစ်ဦးဖြစ်ပြီး သူရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း စောင့်ကြည့်အားပေးနေကြတာပါ။ ယနေ့မှာဆိုရင်လည်း ဇေရဲထက်က သူရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ ကိုရီးယားမင်းသားလေးအလား အထင်မှားရလောက်အောင် ချောမောခန့်ညားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့တာဖြစ်ပါတယ်။

ချိုသာတဲ့ အကြည့်စူးစူးတွေနဲ့ အထာကျကျ ဓာတ်ဖမ်းထားပြီး ကြည့်မိသူ ပရိသတ်တိုင်းကို ဖမ်းစားထားနိုင်တဲ့ မင်းသားချောလေး ဇေရဲထက်ရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ...ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်......။


သတင်း အရင်းအမြစ်៖ Source - Zay Ye Htet's Facebook Account





