ဆယ်စုနှစ်တစ်ခုကျော်တိုင် ပရိသတ်ရင်ထဲ အသည်းထဲအထိ နေရာယူထားနိုင်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မယ်လိုဒီကတော့ မပျက်စီးသေးတဲ့ အလှတရားတွေနဲ့အတူ ပရိသတ်အချစ်ကို ယနေ့တိုင်များစွာရရှိထားတာပါ။ မယ်လိုဒီဟာဆိုရင် ဘဝပေးကံကြမ္မာကြောင့် သားသားလေးတစ်ယောက်နဲ့အတူ Single mother lifeကို ဖြတ်သန်းနေရပေမယ့် ဘဝ အရှုံးမပေးပဲ ရင်ဆိုင်ကျော်ဖြတ်နေတာကိုလည်း တွေ့ရပါတယ်။


သားတစ်ယောက်မိခင်ဆိုပေမယ့်လည်း အပြစ်ဆိုဖွယ်မရှိတဲ့ အသားအရည်နဲ့ ပြေပြစ်လှပတဲ့ ကောက်ကြောင်းအလှတွေက ပုရိသပရိသတ်တွေကို ရင်ဖိုစေတာဖြစ်ပြီး မိန်းကလေးအချင်းချင်းကပါ အားကျအချစ်ပိုကျတာကိုလည်း တွေ့ရပါတယ်။ မယ်လိုဒီက သူမရဲ့ ချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်ထက်မှာ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ဗီဒီယိုလေးတစ်ခု တင်ပေးလာခဲ့ပါတယ်။


ဒါကတော့ လွှမ်းပိုင်သီဆိုထားတဲ့ မမဆိုတဲ့ သီချင်းလေးနဲ့ အထာကျကျသရုပ်ဆောင်ထားတာဖြစ်ပြီး သူမကို မမလို့ ခေါ်တာကြောင့် ရှက်သွေးဖြာကာ ပတ်ပြေးနေတဲ့ အဆိုပါ ဗီဒီယိုလေးကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုမိမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်....။

သတင်း အရင်းအမြစ်៖ Source - Melody Myo's Facebook Account





