အဆိုတော်ခင်ပိုးပန်းချီကတော့ အနုပညာအလုပ်တွေကိုငယ်စဥ်တည်းကလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရယူထားနိုင်ခဲ့ကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်င်လေ့ရှိပြီး အနေအထိုင်အေးဆေးတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


ခင်ပိုးပန်းချီကတော့ သီချင်းအသစ်လေးတွေကိုလည်းထွက်ရှိဖို့ကြိုးစားလျက်ရှိနေခဲ့ပြီး အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ဆန်းသစ်လရဲ့ ညီမဖြစ်သူဆိုကရေးတီးရွှေတံဆိပ်များရှင် နိုနိုရဲမောင်တစ်ယောက်ကွယ်လွန်သွားခဲ့တာ ဒီဇင်ဘာ၁၇ဆို ၂နှစ်ပြည့်ပြီပဲဖြစ်ပါတယ်။ ခင်ပိုးပန်းချီကတော့ ယခုမှာ အနစ်နာခံတဲ့စိတ်အပြည့်ရှိပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကျေးဇူးရှင်အစ်မနိုနိုရဲမောင်အတွက် အရမ်းအားနာမိသလို ဝမ်းနည်းရတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။


သူမကတော့ " Dec , 17 ဆိုရင် မနိုဆုံးတာ (၂) နှစ်ပြည့်ပါပြီ ငယ်ငယ်ထဲက အတူတူကြီးပြင်းလာရပြီး သမီးအတွက်အစ်မပီသတဲ့ အစ်မဖြစ်ခဲ့လို့ ကျေးဇူးအများကြီးလဲတင်ရသလို အရမ်းလဲအားနာရပါတယ် ထင်ထားတာထက်ကို မလုပ်ပေးနိုင်ခဲ့လို့လဲ ဝမ်းနည်းမိပါတယ် ။ကုသိုလ်တွေအမြဲလုပ်ပေးနေပြီး ညတိုင်းအမျှဝေတာမလို့ မနို ကောင်းရာဘုံဘဝမှာ ရှိနေပါစေလို့ဆန္ဒပြုပါတယ် ။သတိရခြင်းတွေနဲ့ စနိုး "ဆိုပြီး ကျေးဇူးရှင်အစ်မဖြစ်သူနိုနိရဲမောင်အတွက် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
Source : ခင်ပိုးပန်းချီ khin poe panchi' s face book Page







