ပရိသတ်ကြီးရေ ကြည်လင်းပြတ်သားပြီး ဂရုဏာသက်တဲ့သံလေးကိုပိုင်ဆိုင်ထားသူကတော့ နိုင်ငံကျော်အဆိုတော် မိစန္ဒီပဲ ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထားလေးကလည်း နူးညံ့သူလေးလည်း ဖြစ်သလိုပျော်ပျော်ရွှင်ရွှင်နေတတ်သူလေးတစ်ယောက်ဆိုလည်း မမှားပါဘူးနော်။ အသဲကွဲသီချင်းတွေကို အများဆုံးသီဆိုတတ်ပြီး ကိုယ်တိုင်သီချင်းရေးတဲ့ နေရာမှာလည်း ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ယောကျာ်းလေး ပရိသတ်ရော မိန်းကလေး ပရိသတ်တွေရဲ့ အချစ်တွေအပြင် အားပေးမှုတွေကိုပါ ရှိထားသူလေး ဖြစ်သလို ကလေးလေးတွေရဲ့ အသဲစွဲလေးက အဆိုတော် မိစန္ဒီ ပဲဖြစ်ပါတယ်။ သူမဟာ ဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်။တရိစ္ဆာန် လေးတွေကိုလည်း အသဲယားစွာ ချစ်တတ်သူလေးဖြစ်ပြီး ကလေးချစ်တတ်သူလေးကတော့ မိစန္ဒီ လေးပါပဲနော်။


သူမရဲ့ Facebook Page မှာလည်းချစ်စရာကောင်းတဲ့ အလှဓာတ်ပုံလေးများကို ချစ်ပရိသတ်ကြီး အတွက်တင်ပေးလေ့ရှိပြီး ဒီနေ့မှာလည်း ချစ်စရာကောင်းပြီး လှပတဲ့အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားလိုက်တာပဲဖြစ်ပါတယ်။ ဖက်ရှင်များကိုလည်း ခေတ်ရေစီကြောင်းနှင့်အညီ ၀၀တ်စားဆင်ယဉ်တတ်ပြီး ပရိသတ်တွေကို ဆန်းသစ်တဲ့ အမြင်တွေကို အမြဲဖန်တီး ပေးနေတာပဲ ဖြစ်ပါတယ်။ သဘာဝအလှတွေကို နောက်ခံထားပြီး သူမရဲ့လှပတဲ့အသားရေ၊ ဆွဲဆောင်မှုရှိတဲ့ ပို့စ်လေးတွေကအရမ်းကို အသဲယားစရာလေးပါနော်။ ကလေးလေးတစ်ယောက်လိုလည်း အပြစ်ကင်းစင်တဲ့ မျက်နှာလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါ။


ဒီနေ့မှာလည်း Facebook Pageမှာ “လှတော့လှမနေဘူး.. ဒါပေမယ့် ချစ်စရာလေးပါ… ချစ်ချင်မှလည်း ချစ်ပါ..မချစ်ချင်လည်း မချစ်ပါနဲ့.. ချစ်တော့လည်း ချစ်စေချင်တာပေါ့… ပြောချင်တာ ရှင်းရှင်းလေးပါ..ရှုပ်သွားလား..အဟိ….Good morning” ဆိုပြီးချစ်စရာကောင်းတဲ့ဟာသလေးနှင့်အတူ ချစ်ပရိသတ်တွေကို မနက်ခင်းလေးမှာနှုတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ နှစ်လိုဖွယ်အပြုံးလေးနဲ့လည်း ပရိသတ်တွေရဲ့အသဲကို ဖမ်းစားလိုက်သူလေးပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မိစန္ဒီရဲ့ ချစ်စရာကောင်တဲ့ ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။ မိစန္ဒီလေးကို ချစ်ရင် စကားလေးတစ်ခွန်းလောက်ပြောပေးသွားနော်။



သတင်း အရင်းအမြစ်៖ Mi Sandi FB Page





