မင်းသမီးချော မယ်လိုဒီ ကတော့ အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်ထားသူပဲ ဖြစ်ပါတယ်။ တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသလို ချစ်စရာအပြုံးလေးတွေနဲ့ ချောမောနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီ က အိမ်ထောင်ရေးအဆင်မပြေဖြစ်ခဲ့ရပြီ ချစ်စရာသားလေးတစ်ယောက်နဲ့ အတူ ဘဝကိုရိုးရှင်းအေးချစ်စွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။


မယ်လိုဒီ ကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို ပရိသတ်တွေကို အမြဲဖော်ပြပေးပြီး ယခုမှာလည်း မြန်မာဝတ်စုံလေးနဲ့ရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း မယ်လိုဒီ က " ဒီဇင်ဘာစျေးဗန်း ကျွန်မကသည်းခြေမရှိတဲ့သူ ရှင်တို့အတွက်မခါးဘူးပေါ့....သည်းချေမရှိတော့ ကျွန်မစိတ်မနာတတ်သလို့ သံသရာကရုန်းထွက်နိုင်မှာပေါ့.....အဆိပ်အတောက်မရှိဘဲပွင့်လင်းတာဟာ ရှက်စရာကောင်းမှန်း ရှင်တို့ပြောမှသိရတော့တယ်.....ဒါပေမယ့် မချိုပြန်ဘူး


ရှင်တို့ရင်မကြပ်ဘူးပေါ့.....အချဉ်လည်းမဟုတ်ပါဘူး ရှင်တို့ကျွန်မကြောင့်ဘီလူးပြုံးမပြုံးရတော့ဘူး ကျွန်မကိုယ်ကျွန်မတော့ ပုံမှန်လို့ တသက်လုံးထင်နေခဲ့တာရှင်တို့ပြောမှဘဲ ကျွန်မဟာ ပုံမှန်ဖုံးဖိထားသင့်တဲ့ ကိစ္စတွေကိုထုတ်ဖော်ပြောပြတတ်တဲ့ အမျိုးသမီးတစ်ယောက်မှန်း ခုမှသိတယ်...ဟုတ်တယ် ကျွန်မကပုံမှန်မဟုတ်ဘူး လူတော့ပီသတယ် ကျေးဇူးပါ စကားမစပ် ကျွန်မကြောင့်အဆိပ်သင့်သွားရင် စိတ်မကောင်းပါဘူး ကျွန််မကရေလိုမိန်းမသား ရေသောက်ရင်း အဆိပ်သင့်သွားတာတော့ ကျွန်မလည်း ဖြေဆေးမပေးတတ်ဘူးရှင်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ အခက်အခဲတွေနဲ့ ဝေဖန်မှုတွေများစွာ ကြုံတွေ့နေရတဲ့ မယ်လိုဒီ ရဲ့ ချစ်စရာပုံလေးတွေကြည့်ရှု့ရင်း အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော် ။


သတင်း အရင်းအမြစ်៖ Source - Melody Myo fb account





