ရဲအောင်ရဲ့အိမ်ကို ကိုယ်တိုင်ထောပတ်ထမင်းသွားပို့ပေးချိန်မှာ လက်ဆောင်တွေအများကြီးပြန်ပေးလိုက်လို့ဝမ်းသာနေတဲ့ ညီနန္ဒ

//s9.kh1.co/b5/b51743ff7acf8b0581e39cbcb6307b3a0a5757e5.jpg
အနုပညာရှင်များ

 ၁၅-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၅ နှစ် က

ရဲအောင်ရဲ့အိမ်ကို ကိုယ်တိုင်ထောပတ်ထမင်းသွားပို့ပေးချိန်မှာ လက်ဆောင်တွေအများကြီးပြန်ပေးလိုက်လို့ဝမ်းသာနေတဲ့ ညီနန္ဒ

မင်းသားချောညီနန္ဒကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ပြီး ဇာတ်ကားတွေအများအပြားမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ပါဝင်တာဖြစ်ပါတယ်။ညီနန္ဒက ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ပရိသတ်တွေက TVမှာလွှင့်တိုင်း အမြဲစောင့်ကြည့်ပြီး အားပေးခဲ့ရတာဖြစ်ပါတယ်နော်။ညီနန္ဒကတော့ အနုပညာအလုပ်တွေနားထားရတဲ့အချိန်မှာ သူကျွမ်းကျင်တဲ့ထောပတ်ထမင်းကို စေတနာပါပါချက်ပြုတ်ပြီး ဈေးသက်သာစွာနဲ့ရောင်းချနေတာဖြစ်ပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

ညီနန္ဒရဲ့ထောပတ်ထမင်းကို အမြို့မြို့အနယ်နယ်က အော်ဒါမှာကြပြီး နိုင်ငံခြားမှလည်း အော်ဒါတင်ကာ အလှူအတန်းတွေလုပ်နေကြတာဖြစ်ပါတယ်။ညီနန္ဒကလည်း နိုင်ငံခြားကမှာကြတဲ့Customersတွေအတွက် သူတို့လှူခိုင်းတဲ့နေရာမှာ ကိုယ်တိုင်သွားလှူပေးတာဖြစ်ပါတယ်နော်။ညီနန္ဒကတော့ ခင်မင်ရင်းနှီးရတဲ့ အနုပညာရှင်တွေကိုလည်း တစ်ယောက်တစ်လှည့်စီ ထောပတ်ထမင်းသွားပို့ပြီး အမြဲဂါရဝပြုနေတဲ့သူဖြစ်လို့ စိတ်ထားလေးကလေးစားဖို့ကောင်းပါတယ်။ 

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Ye Aung Winaioo's Facebook Account
Photo Credit:Ye Aung Winaioo's Facebook Account
Photo Credit:Ye Aung Winaioo's Facebook Account
Photo Credit:Ye Aung Winaioo's Facebook Account

အခုဆိုရင်လည်း ညီနန္ဒက အကယ်ဒမီမင်းသားကြီး‌ရဲအောင်ရဲ့အိမ်ကို ကိုယ်တိုင်သွားပြီး ထောပတ်ထမင်းနဲ့ဂါရဝပြုခဲ့တာဖြစ်ပါတယ်။ရဲအောင်ကလည်း ထောပတ်ထမင်းလာပို့ပေးတဲ့ညီနန္ဒကို လက်ဆောင်ပစ္စည်းတွေပြန်ပေးလိုက်တာဖြစ်ပါတယ်နော်။ညီနန္ဒကတော့"ထောပတ်ထမင်းသည်ကြီး ထပ်ဆင့်ထောတဲ့​နေ့...ဒီနေ့ (၁၅.၁၂.၂၀) မှာ "'ကိုနန္ဒထောပတ်ထမင်း"' ဂါရဝပြုဖို့အလှည့်ကျသူက​တော့ အခုချိန်ထိအမြဲနုပျိုလန်းဆန်းပြီး ကျွန်​တော်​လေးစားချစ်ခင်ရတဲ့ ကိုရဲအောင်ပါ ခင်ဗျာ...ကျွန်​တော့်အတွက်လက်​ဆောင်​တွေအများကြီးပြန်​ပေးလိုက်လို့ ကျေးဇူးအများကြီးတင်ပြီး အရမ်းလည်း​​ပျော်ရပါတယ် ခင်ဗျာ..."ဆိုပြီး သူ့ရဲ့ပီတိလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

Source&Photo Credit:Nyi Nanda's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T