ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေ ဟာ MRTV -4 ဇာတ်လမ်းတွဲတွေကနေ တစ်ဆင့် ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေ ပိုင်ဆိုင်တာကြောင့် အချိန်တိုတွင်းမှာ ပရိသတ်ရဲ့ ချစ်ခင် အားပေးမှု ကိုအပြည့်အဝ ရရှိ ခဲ့တဲ့သူလေးပဲ ဖြစ်ပါတယ်နော်....။သူမဟာတစ်နေ့တစ်ခြား ပိုလှလာနေတဲ့ အပြင် သရုပ်ဆောင်ပိုင်းတွင်လည်း ပီပြင်စွာ ပိုင်နိုင်စွာ လုပ်ဆောင်နိုင်တာကြောင့် ပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။


တုတုဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ ပက်သက်ရင် လည်း ဂရုစိုက်လေ့ရှိတာကြောင့် သူမရဲ့ ဘော်ဒီလေးဟာ ကျစ်လစ် လှပနေတာပဲ ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်ရဲ့အားပေးလက်ခံမှုကို ရရှိထားတဲ့သူဆိုလည်းမမှားပါဘူးနော်။လတ်တလောမှာတော့ Live sale တွေ လုပ်ကိုင်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေသူလေးဖြစ်ပါတယ်။


သူမဟာ ခေတ်နဲ့ အညီ လိုက်လျောညီထွေစွာ ဝတ်ဆင်တတ်ပြီး လူငယ်ဆန်ဆန် ဖက်ရှင်လေးတွေနဲ့ အထာကျနေသူလေးပဲဖြစ်ပါတယ်။လတ်တလော မှာတော့ တုတုရဲ့ လူမူကွန်ယက် စာမျက်နှာပေါ်တွင် "ဒီအချိန်ဆို လွမ်းတယ်နော် ကိုယ့်မှာ ဆုံချင်နေလည်းဝေး"ဆိုပြီး သီချင်းစာသားလေး နဲ့အတူ သူမရဲ့ ပုံရိပ်လေးကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ချစ်ပရိတ်တွေ အတွက် မင်းသမီးချောလေး ဆောင်းဝတ်ရည်မေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်တယ်။


သတင်း အရင်းအမြစ်៖ Hsaung Wutyee May Facebook Acoount





