ပရိသတ်ကြီးရေ မင်းသမီး မယ်လိုဒီကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေလည်း များစွာရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့သာ လုပ်ကိုင်နေပြီး အကောင်းဆုံးကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

မယ်လိုဒီက ဖြူဖွေးဝင်းဥတဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေချစ်ခင် အားကျနေရသူပဲဖြစ်ပါတယ်။ သူမဟာ Single Mother အဖြစ် သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ အတူဖန်တီး တည်ဆောက်နေတာလည်း ဖြစ်ပါတယ်။ ယခုလို Covid ကာလမှာ အနုပညာအလုပ်တွေ နည်းပါးနေတာကြောင့် ယခင်က ပြည်တွင်းခရီးစဥ်တွေသွားရောက်ခဲ့စဥ်က ပုံလေးတွေကို ဝေမျှလေ့ရှိတာလည်း တွေ့ရပါတယ်။

ယနေ့မှာလည်း မယ်လိုဒီက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ " ကမ်းခြေလေးသွားချင်လိုက်တာ အေးချမ်းချင်တယ် အေးချမ်းပါစေ " ဆိုတဲ့ စာသားလေးနဲ့အတူ ကမ်းခြေထက်က ဂါဝန်အရှည်လေးနဲ့ အသည်းယားစရာပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..... ။

သတင်း အရင်းအမြစ်៖ Source - Melody Myo's Facebook Account