ကောင်းမွန်စွာကြီးပြင်းလာပြီး မိဘအပေါ်သိတတ်တဲ့ သမီးငယ်လေး စိုးမြတ်နန္ဒာကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ မိခင် စိုးကြည်ဖြူ

//s9.kh1.co/40/40a8cda2255e4cb49a9314b43da60c7c084ffa5c.jpg
အနုပညာရှင်များ

 ၁၅-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

.

ဒီတစ်ခေါက်မှာတော့ သရုပ်ဆောင်လောကမှာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး ယခုချိန်ထိ အောင်မြင်ကျော်ကြားနေတဲ့ စိုးမြတ်နန္ဒာပဲဖြစ်ပါတယ်။သူမကတော့ အနုပညာမျိုးရိုးမှဆင်းသက်လာတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ စိုးမြတ်နန္ဒာဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးခဲ့ပြီး သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့် အဝရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူမကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်ပြီး သူမရဲ့ ကြိုးစားမှုကြောင့် အကယ်ဒမီဆုတွေကိုလည်း ထိုက်ထိုက်တန်တန် ရရှိ ခဲ့တာပဲဖြစ်ပါတယ်။

Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account

စိုးမြတ်နန္ဒာဟာ အကယ်ဒမီ စိုးမြတ်သူဇာ ရဲ့ အချစ်ဆုံး ညီမလေး အရင်းတစ်ဦးဖြစ်ပြီး တေးသံရှင်စန္ဒီမြင့်လွင်ရဲ့ ဝမ်းကွဲ အစ်မ တစ်ယောက်လည်းဖြစ်ပါတယ်။ သူမတို့မောင်နှမ တွေက ချင်းချင်း စည်းလုံးကြပြီး တစ်ယာက်ပေါ် တစ်ယောက် ကြင်နာယုယ ကြသည်မှာလည်း ပရိသတ်တွေ ရဲ့ အမြင်ပဲ ဖြစ်ပါတယ်။ Covid ကာလမှာလည်း ညီမတွေ စည်းစည်းလုံးလုံးနဲ့ အထည်တွေကို ပျော်ပျော်ရွှင်ရွှင် Live လွှင့်ရောင်းတာကလည်း မြင်သူတိုင်း အချစ်ပိုစေတာပဲဖြစ်ပါတယ်။ ယခုဆိုရင် စိုးမြတ်နန္ဒာဟာ သရုပ်ဆောင်မင်းသားကြီး စိုးသူနဲ့ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account

ယနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ မိခင် စိုးကြည်ဖြူက

“အချစ်ဆုံးသမီးငယ်လေး ရဲ့ ၁၅ .၁၂ .၂၀၂၀

နေ့မှာကျရောက်တဲ့ မွေးနေ့မှသည်

မွေးနေ့နှစ်တစ်ရာ တိုင် သမီးချစ်ရသူများနဲ့

ကျန်းမာပျော်ရွှင်စွာ အရာရာလိုတ ရပါစေ

ဘာသာ သာသနာအကျိုးသည်ပိုးနိုင်ပါစေ…….။” ဆိုပြီး ဆုတောင်းပေးကာ ကောင်းမွန်စွာကြီးပြင်းလာပြီး မိဘအပေါ်သိတတ်တဲ့ သမီးငယ်လေး စိုးမြတ်နန္ဒာအတွက် မွေးနေ့ဆုတောင်းပေးလိုက်တာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုးမြတ်နန္ဒာ အတွက် မွေးနေ့ ဆုတောင်း ပေးခဲ့ကြဦးနော်….။

Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account
Photo Crd - Soemyat Nandar Facebook account

သတင်း အရင်းအမြစ် Soemyat Nandar Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T