စာသင်ချိန်တွေရော စာလုပ်ချိန်ပါပြည့်နေတာတောင် ခဏနားရတဲ့အချိန်လေးမှာ မေမေ့အလုပ်ကိုဝိုင်းကူပေးတဲ့ မေကဗျာရဲ့သမီးချောလေး

//s9.kh1.co/e0/e0aa0922368434fdd95d79da8c47e9cc801e25c7.jpg
အနုပညာရှင်များ

 ၁၅-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

စာသင်ချိန်တွေရော စာလုပ်ချိန်ပါပြည့်နေတာတောင် ခဏနားရတဲ့အချိန်လေးမှာ မေမေ့အလုပ်ကိုဝိုင်းကူပေးတဲ့ မေကဗျာရဲ့သမီးချောလေး

မင်းသမီးချောလေး မေကဗျာကတော့ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးကို အခုချိန်အထိထိန်းထားနိုင်သူဖြစ်ပြီး အရင်တုန်းကထက်တောင် ပိုပိုလှလာတာ ဖြစ်ပါတယ် ။ ဖက်ရှင်အမြင်ရှိသလို လူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ ဝတ်စားဆင်ယင်တတ်တဲ့ မေကဗျာက အမြဲတမ်းလန်းဆန်းတက်ကြွနေတာပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် မေကဗျာက သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားရတဲ့ ကလေးမေမေဖြစ်ပေမယ့်လည်း မျက်နှာလေးကအစ နုဖတ်လှပပြီး အရွယ်တင်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page

အလုပ်တွေကိုအာရုံစိုက်ပြီး ကြိုးစားပမ်းစား လုပ်ကိုင်တတ်တဲ့ မေကဗျာတစ်ယောက် စီးပွားရေးလုပ်ငန်းတဲ့နေရာမှာလည်း အောင်မြင်နေတာ ဖြစ်ပါတယ် ။ မေကဗျာရဲ့သမီးလေး ဂိုးဂိုးကတော့ မေမေနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အချောလေးဖြစ်ပြီး အေးချမ်းဖြူစင်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ စာကြိုးစားပြီး အရမ်းတော်တဲ့ သမီးလေးဂိုးဂိုးက အခုလည်း နားရတဲ့အချိန်လေးမှာတောင် မေမေ့အလုပ်ကိုဝိုင်းကူပေးတော့မှာ ဖြစ်ပါတယ် ။

Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc

မေကဗျာက ဒီနေ့ရောင်းချမယ့် Live Sale မှာ သမီးလေးဂိုးဂိုးက ပါဝင်အားဖြည့်ပေးမှာဖြစ်ကြောင်း ပရိသတ်တွေသိအောင် ပြောပြလိုက်တာ ဖြစ်ပါတယ် ။ အရမ်းလိမ္မာတဲ့ ဂိုးဂိုးလေးကတော့ စာသင်ချိန်တွေနဲ့ စာလုပ်ချိန်တွေပြည့်နေတာတောင် ရတုန်းရခိုက်မှာ မေမေ့ကိုကူညီပေးမှာပဲ ဖြစ်ပါတယ် ။ ကဲ အမေတူသမီးချောလေးဖြစ်ပြီး အရမ်းချစ်စရာကောင်းလွန်းတဲ့ မေကဗျာ့သမီးလေး ဂိုးဂိုးရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-May Kabyar's FB Page

Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Page
Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T