ဖြူစင်ရိုးသားတဲ့ အပြုံးတွေနဲ့ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဝတ်စားထားပြီး လှသွေးကြွယ်နေတဲ့ ပိုပို

//s9.kh1.co/6a/6a6c67d47665292e6248a4a757620a25a5203369.jpg
အနုပညာရှင်များ

 ၁၅-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၅ နှစ် က

.

ပိုပို ဟာ အလွမ်းသီချင်းလေးတွေကို အသံချိုချိုနဲ့ သီဆိုပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိလာတာ ပဲဖြစ်ပါတယ်။ သူမဟာမိဘမဲ့ တစ်ယောက်ဖြစ်ပင်မဲ့လည်း အားမလျော့တဲ့ စိတ်ဓာတ်နဲ့ ရိုးရိုးသားသား ကြိုးစားမှုကြောင့် အောင်မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ ပိုပိုကတော့ ဘာသာတရားအလွန်ကိုင်းရှိုင်းပြီး လူတိုင်းအပေါ် မေတ္တာစိတ်ထားတာတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ ရောက်လာတာဆို ရင်လည်းမမှားပါဘူး။ သူမရဲ့ မျက်နှာအမူအရာကို ကြည့်ရင်လည်း မြင်သူတိုင်း အေးချမ်းပြီး အချစ်ပိုစေနိုင်တဲ့ စွဲဆောင်နိုင်စွမ်း ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။

Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account

သူမရဲ့ ခန္ဓာကိုယ်ဟာလည်း ပုရိသတွေ ကြွေလောက်အောင် အချိုးစားညီမျှပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ယခုအခါမှာလည်း မြင်သူတိုင်းပီတိဖြစ်စေမည့် အပစ်ကင်းပြီး ချစ်စရာကောင်းတဲ့ မျက်နှာထက်မှာ ဖြူစင်ပြီး ရိုးသားတဲ့ အပြုံးတွေနဲ့အတူ ဘုရားဝတ်ပြုခဲ့တဲ့ ပုံလေးတွေကို ဝေမျှထားတာပဲဖြစ်ပါတယ်။ ပိုပို ဟာ မြန်မာလူမျိုး တစ်ယောက်ဖြစ်ပြီး ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူ ဖြစ်ကြောင်း သိသာထင်ရှားလှသူလည်းဖြစ်ပါတယ်။

Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account

ပိုပိုရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ထက်မှာ အရမ်းကိုလိုက်ဖက်ပြီး ကျက်သရေရှိလှတဲ့ မြန်မာယောဂီ ဝတ်စားလေးကို ဝတ်ဆင်ကာ လှသွေးကြွယ်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ ညို့အားပြင်းတဲ့ အကြည့်တွေနဲ့ ပါးမို့မို့လေး ထက်က အပြုံးတွေဟာလည်း မြင်သူတိုင်းရဲ့ ရင်ကို အေးမြစေပြီး အချစ်တွေ တိုးစေမှာ အမှန် ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ အနေနဲ့ လည်း ပိုပိုရဲ့ ဖြူစင်ရိုးသားတဲ့ အပြုံးတွေနဲ့ မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေး ဝတ်စားထားပြီး လှသွေးကြွယ်နေတဲ့ ပုံလေးတွေကို ချစ်တယ် ဆိုရင် အသည်းလေးတွေပေးခဲ့ ဖို့ မမေ့နဲ့ ဦးနော်……။

Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account
Photo Crd - ပိုပို Facebook account

သတင်း အရင်းအမြစ် ပိုပို Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T