ပရိသတ်ကြီးရေ......ဒီနေ့လေးကတော့ ပြည်သူချစ်ဝါရင့်သရုပ်ဆောင်မင်းသမီးကြီးဖြစ်တဲ့ အကယ်ဒမီစိုးမြတ်နန္ဒာရဲ့မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့လည်း ဒါဒါဟာသူမရဲ့ Facebookစာမျက်နှာမှာ "လူ့လောကမှာ ရှင်သန်ခွင့်ရအောင် မွေးထုတ်ပေးခဲ့တဲ့ ဖေဖေ နဲ့ မေမေ ကို ကန်တော့ ပါရစေ ..မောင်နှမ အရင်းအဖြစ် ရေစက်ဆုံခွင့်ရပြီး ဒီအချိန်ထိ အရိပ်လိုမိုးပေးထားတဲ့ မကြီး ၊ မလေး နဲ့ ကိုကြီး တို့ ကိုလဲ သံသရာကျင်လည်နေသရွေ့ အနီးဆုံးလူတွေအဖြစ်နဲ့ပဲ ပြန်ဆုံတွေ့ခွင့်ရပါရစေ.တစ်ဦးတည်းသော သားလေး နဲ့ တစ်ဦးတည်းသော တူမလေး ကိုလဲ သူတို့ခြေထောက်ပေါ်သူတို့ရပ်တည်နိုင်တာလေးတွေ တွေ့မြင်သွားပါရစေ ... ဒီနေ့မွေးနေ့မှာ နေပြည်တော် မှာ ရှိနေပါတယ် ..ဆုတောင်းပေးကြတဲ့ ချစ်သူခင်သူတွေကို တစ်ဦးတစ်ယောက်ခြင်းစီကို လှိုက်လှိုက်လှဲလှဲတန်ဖိုး ထားရပါတယ်..။


အသက် ၄၁ နှစ်ဆိုတာ သေခြင်းတရားနဲ့ နီးသထက်နီးလာနေပါပြီ ..တွေ့ကြုံရတဲ့ လောကဓံတွေအရ လူတွေအားလုံးကို မှန်လို မဆက်ဆံပဲ .. သူကောင်းလဲ ကိုယ်ကောင်း / သူမကောင်းလဲ ကိုယ်ကောင်း ဆိုတဲ့ အနေထားနဲ့ပဲ နေသွားပါ့မယ် ..ကိုယ့်မိသားစု ကိုယ့် ရဲ့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေကိုယ့် ကို ချစ်တဲ့ ပန်ကာ လေးတွေ နဲ့ပဲ ဘဝ ကို ပျော်ရွှင်ပြည့်စုံစွာ ဖြတ်သန်း ဖို့ ဦးတည်ထားပါတယ် ..မွေးနေ့ မှာ ဒါန အလှူ အဖြစ် ဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ အားကြည်ညို ဦးထိပ်ထားလျှက် မန္တလေး မဟာဂန္ဓာရုံကျောင်းတိုက် မှာ ရာသက်ပန် မွေးနေ့အလှူရှင်အဖြစ်သံဃာအပါး ၁၀၀၀ ကျော် ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါတယ် .. ( ကပ်ရောဂါအခြေအနေမို့ သွားလို့မရခဲ့ပါဘူး )......။


ရှိနေတဲ့ နေရာလေးမှာ ခေတ္တ ဘုရားကျောင်းဆောင်လေး ရှိတာမို့ ပရိတ် ပဌာန်း ရွတ်ဖတ်ပူဇော်ခြင်း ၊ မဟာသမယစေတီတည်ခြင်း ၊ ပဉှာဝါရ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်များ ပြုလုပ်ပါတယ် ..ညနေပိုင်းလေးမှာတော့ ဒီမှာရှိတဲ့ ချစ်ခင်သူတွေနဲ့ ညစာအတူစားပါမယ် ..
အနားမှာ အမြဲရှိနေပေးတဲ့ ဘစိုး ကိုလဲ ကျေးဇူးအထူးတင်ရပါတယ်.....မွေးနေ့ကို ရိုးရှင်းစွာဖြတ်သန်းရင်း အသက် ၄၀ ကို ထားခဲ့ပြီး ၄၁ နှစ်မှာ ကောင်းမှုကုသိုလ်တွေနဲ့ပို၍ငြိမ်းချမ်းပါရစေရှင့် ......" ဆိုပြီးရေးသားထားပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Soe Myat Nandar's Facebook page





