မျိုးသန္တာထွန်း၊မင်းဦးတို့နဲ့ တွေ့ဆုံတုန်းလေးမှာ ထမင်းဟင်းတွေကို လက်ရည်တပြင်တည်းစားသုံးခဲ့တဲ့ လင်းဇာနည်ဇော်တို့ညီအစ်မ

//s9.kh1.co/68/6836cfad925fab38ec2a4878caf046500ff7bf0a.jpg
အနုပညာရှင်များ

 ၁၅-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

မျိုးသန္တာထွန်း၊မင်းဦးတို့နဲ့ တွေ့ဆုံတုန်းလေးမှာ ထမင်းဟင်းတွေကို လက်ရည်တပြင်တည်းစားသုံးခဲ့တဲ့ လင်းဇာနည်ဇော်တို့ညီအစ်မ

ပရိသတ်ကြီးရေ လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ ရွှေခေါက်ဆွဲ စီးပွားရေးလေးကို ပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။ရွှေခေါက်ဆွဲကလည်း အရသာကောင်းမွန်လို့ လတ်တလောမှာတင် အော်ဒါတွေတက်ပြီး အရမ်းရောင်းကောင်းနေတာဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်ကလည်း သူတို့ရဲ့စီးပွားရေးလေးကို ဝန်ထမ်းတွေနဲ့မလွှတ်ထားဘဲ ကိုယ်တိုင်စီစဉ်ပြီးသေချာလိုက်ပို့ကြတာကြောင့် "ရွှေခေါက်ဆွဲ"လေးကလည်း တစ်နေ့ထက်တစ်နေ့ပိုတွင်ကျယ်လာတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

ချစ်ချစ်ဇော်က "ရွှေခေါက်ဆွဲ"ကို စေတနာအပြည့်နဲ့ကိုယ်တိုင်ချက်ပြုတ်ပြီး လင်းဇာနည်ဇော်ကလည်း ချစ်အစ်မကြီးကို ဘေးကနေကူညီလုပ်ကိုင်ပေးပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မနှစ်ယောက်က တက်ညီလက်ညီနဲ့စီးပွားရှာကြလို့ အရမ်းအားကျဖို့ကောင်းတဲ့ ညီအစ်မပဲဖြစ်ပါတယ်နော်။မ‌‌နေ့ကဆိုရင်လည်း လင်းဇာနည်ဇော်တို့ညီအစ်မက မိတ်ဆွေတစ်ယောက်ရဲ့အလှူကိုသွားကြရင်း မျိုးသန္တာထွန်း၊မင်းဦးတို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

မင်းဦး၊မျိုးသန္တာထွန်း၊လင်းဇာနည်ဇော်တို့အနုပညာမောင်နှမတွေက ဇာတ်ကားတွေလည်းအတူတူရိုက်ကူးခဲ့ကြလို့ ရင်းရင်းနှီးနှီးရှိကြတာဖြစ်ပါတယ်။စားပွဲပေါ်မှာပြည့်လျှံနေတဲ့ ထမင်းဟင်းတွေကို လင်းဇာနည်ဇော်တို့က လက်ရည်တပြင်တည်းစားသုံးကြပြီး အမှတ်တရဓာတ်ပုံလေးရိုက်ထားကြတာဖြစ်ပါတယ်။ထမင်းစားပြီးချိန်မှာ အချိုပွဲလေးတည်းပြီး ပျော်ရွှင်နေကြတဲ့ လင်းဇာနည်ဇော်၊မင်းဦး၊မျိုးသန္တာထွန်းတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account
Photo Credit:Lin Zarni Zaw's Facebook Account

Source &Photo Credit:Lin Zarni Zaw's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T