ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့ပြီး ဂီတလောကမှာ အောင်မြင်မှုတွေနဲ့ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထား သူကတော့ အဆိုတော် Jenny ပဲဖြစ်ပါတယ်။ Jenny က Music Album များစွာထွက်ရှိထားပြီး သူမရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ယနေ့တိုင်ရေပန်းစားနေတဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေခဲ့ပြီး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။


Jenny ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်း ချစ်ခင်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ နေ့စဥ်လှုပ်ရှားမှုလေးတွေကိုလည်း ချစ်တဲ့ ပရိသတ်တွေအတွက် အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယနေ့မှာတော့ Jenny က သူမ မိခင်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးကို ကျရောက်ခဲ့တာကြောင့် အမှတ်တရပုံလေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။


"ကျွန်မ အတွက် တန်ဖိုးဖြတ်၍မရသော ကျေးဇူးရှင် ကျမအတွက် အလုံခြုံဆုံးသော ရင်ခွင်ပိုင်ရှင်Mommy ... ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နောက်နှစ်ပေါင်း များစွာတိုင် ချစ်သမီးလေးနဲ့ အတူ ဖြတ်သန်းနိုင်ပါစေနော် အရမ်းချစ်တယ် မား... 'Happy Birthday '" ဆိုပြီးရေးသားထားပါတယ်။ ကဲ...ပရိသတ်တွေလည်း ယနေ့မှာကျရောက်တဲ့ Jennyရဲ့ မိခင်မွေးနေ့လေးကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦး။
သတင်း အရင်းအမြစ်៖ Source - Jenny fb account