ဒီတစ်ခေါက်မှာတော့ ပျော်ပျော်နေတက်ပြီး စကားပြောဆိုရာမှာ ဟာသဆန်ဆန်ပြောတက်တဲ့ ပရိသတ်အချစ်တော် ကျော်ကျော်ဗိုလ်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ ဗီဒီယိုလောကတုန်းကလည်း အဓိက ဇာတ်ဆောင်နေရာကသရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရယူခဲ့သလို ယခုအခါတွင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ သူလည်းဖြစ်ပါတယ်။ သူဟာ အလုပ်အားတဲ့ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အတူ ခရီးတွေထွက်ပြီး အပန်းဖြေကာ ပျော်ပျော်နေတက်တဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။


သူကတော့ သရုပ်ဆောင်အပိုင်းမှာ ပြီပြင်ရုံသာမကပဲ ဟာသညဏ်ရွှင်သူတစ်ဦး ဖြစ်တာကြောင့် နှင်းဆီအငြိမ့်မှာ ပါဝင်အားဖြည့်ကူညီပြီး ပရဟိတအလုပ်တွေကို ပါလုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ သူက သရုပ်ဆောင်အလုပ်တွေ လူရွှင်တော် အလုပ်တွေအပြင် ယောက်ျားလေးတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ Biker သမားလေးတစ်ဦးလည်းဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ သမီးလေးတစ်ယောက်မွေးဖွားထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်ဟာ သူဝါသနာပါတဲ့ အလုပ်တွေအပြင် သူ့ရဲ့မိသားစုကို လည်းအချိန်ပေးပြီး ဂရုဆိုက်တာတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေ တိုးနေတာ ဆိုရင်လည်းမမှားပါဘူး။


ယခုအခါမှာလည်း ကျော်ကျော်ဗိုလ် နဲ့ သ့ူဇနီးတို့ရဲ့မင်္ဂလာနှစ်ပတ်လည် ၁၃နှစ်ပြည့်နေ့လေးမှာ ချစ်ဇနီးလေးနဲ့ အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကို ကျော်ကျော်ဗိုလ်က သူရဲ့ လူမှုကွန်ုယက်စာမျက်နှာမှာ “Happy Anniversary My Love ပျော်ရွှင်စရာကောင်းသောတစ်ဆယ့်သုံးနှစ်မြှောက် မင်္ဂလာနှစ်ပတ်လည်ပါမိန်းမရေ…” ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့ကို ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ သူဟာ သူ့ဇနီးကို ဘယ်လောက်ချစ်ပြီး အလေးထားကြောင်းကိုလည်းတွေ့မြင်နိုင်ပါတယ်။ ပရိသတ်ကြီးတို့ကလည်း သူတို့ နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့လေးမှာ ကျော်ကျော်ဗိုလ်တို့ ဇနီးမောင်နှံ အတွက်ဆုတောင်းပေးလိုက်ကြပါဦးနော်…။


သတင်း အရင်းအမြစ်៖ Kyaw Kyaw Bo Facebook account