သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ကလေးနှစ်ယောက် မိခင်ဖြစ်နေတာတောင် ချစ်စရာကောင်းနေဆဲပဲ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါတုန်းက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင် အားပေးမှုတွေကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မြင်သူတကာ ကြွေသွားလောက်စေတဲ့ သူမရဲ့ အပြုံးလေးတွေဟာလည်း အခုချိန်ထိကို ချစ်စရာကောင်းနေတာလည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။



အိမ်မှာနေရင်း ကလေးနှစ်ယောက်ရဲ့အတူ ကြည်နူးသာယာစရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ သဉ္ဇာဟာ သမီးငယ်လေးရဲ့ Tulip ဆိုတဲ့ နာမည်လေးနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်း စတင်လှုပ်ရှား ဆောင်ရွက်နေပြီပဲ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်လုံးကို မိခင်မေတ္တာတွေ အပြည့်အဝပေးနေတာကြောင့်လည်း သူမရဲ့ ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။



မနေ့ညကလည်း သဉ္ဇာနွယ်ဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နို့စို့နေရင်းရင်ဘတ်ပေါ်မှာမှောက်လျက်အိပ်ပျော်သွားတဲ့ သမီးလေးကိုတယုတယကြည့်ကာ ပီတိဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ အလုပ်တွေ ပင်ပန်းလို့ မျက်ကွင်းညိုတာကို ပရိသတ်တွေက စိုးရိမ်တကြီးနဲ့ မေးတာတွေကိုလည်း ချစ်စရာကောင်းအောင် ပြန်ဖြေပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thinzar Nwe Win’s Facebook Account