မင်းသမီးချောလေး မေကဗျာကတော့ သရုပ်ဆောင်ပိုင်းမှာ တကယ့်ကိုအရည်အချင်းရှိသူလေးဖြစ်ပြီး ဇာတ်ကားတွေမြောက်များစွာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာအောင်ရပ်တည်အောင်မြင်နေတဲ့ မေကဗျာ့ကို ပရိသတ်တွေအားလုံးကလည်း ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း မေကဗျာက ဇာတ်လမ်းတွဲတွေ ဇာတ်ကားတွေ ရိုက်ကူးရင်း အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာဖြစ်ပါတယ်။


သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားရတဲ့ မေကဗျာက ကလေးအမေလို့မထင်ရလောက်အောင် ခန္ဓာကိုယ်အချိုးအစားတွေကအစ သွယ်လျလှပနေတာ ဖြစ်ပါတယ်။ သူမဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပြီး အလုပ်လည်းအင်မတန်ကြိုးစားသူတစ်ယောက်ပါပဲနော်။စိတ်ထား စေတနာကောင်းတာတွေကြောင့်လည်း ပြည်သူချစ်မင်းသမီးလေးတစ်လက်အဖြစ် ပရိသတ်တွေက သတ်မှတ်ထားကြတာပါ။


သူမရဲ့အနုပညာလှုပ်ရှာမှုပုံရိပ်လေးတွေအပြင်နေ့စဉ်ပုံရိပ်လေးတွေကိုပါ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်စေရန်အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း အရမ်းလှတဲ့ရှုခင်းတွေကိုနောက်ခံထားကာ သဘာဝအတိုင်းလေး လှနေတဲ့ ပုံလေးတွေကိုဖော်ပြထားရာ ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းတာကြောင့် မျှဝေပေးလိုက်ပါတယ်။


Source & Photo Credit : May Kabyar Facebook Page





