အဆိုတော် ဆိုတေးကတော့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းတွေကို နားဝင်ချိုအောင် သီဆိုနိုင်စွမ်းရှိသူ ဖြစ်ပါတယ် ။ ဆိုတေးရဲ့အသံလေးက အလွမ်းသီချင်းလေးတွေနဲ့ အရမ်းလိုက်ဖက်သလို နားဆင်သူပရိသတ်တွေရဲ့ရင်ကိုထိမှန်စေလောက်အောင် ဖမ်းစားနိုင်တာလည်း ဖြစ်ပါတယ် ။ ဆိုတေးက "မီးအိမ်ရှင်" သီချင်းလေးနဲ့စတင်အောင်မြင်လာခဲ့ရင်းကနေ သီချင်းတွေများစွာဖန်တီးပြီး ဂီတလောကမှာ တဖြည်းဖြည်းနဲ့ နာမည်ပိုရလာတာ ဖြစ်ပါတယ် ။



ဂီတအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာခဲ့တဲ့ အဆိုတော်ဆိုတေးက အခုချိန်မှာတော့ သီချင်းတွေ ပြန်လည်ဖန်တီးပြီး အလုပ်တွေကိုလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဆိုတေးရဲ့ပရိသတ်တွေကလည်း သူ့ရဲ့လှုပ်ရှားမှုတွေကို အမြဲစောင့်ကြည့်ပြီး စိတ်ဝင်တစားနဲ့အပေးနေကြဆဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဆိုတေးတစ်ယောက် မိခင်ကြီးနဲ့အတူ မြို့ပြနဲ့ဝေးတဲ့ ရွာလေးတစ်ရွာကိုရောက်ရှိနေတာပြီး လွတ်လွတ်လပ်လပ် စိတ်အပန်းဖြေနေတာ ဖြစ်ပါတယ် ။



ဆိုတေးက "ထပ်ရောက်ထပ်ရိုက် ထပ်တင် သည်းခံကြကုန်" ဆိုပြီး ရွာမှာပျော်နေတဲ့ပုံလေးတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးထားတာ ဖြစ်ပါတယ်။ စိမ်းလန်းစိုပြေတဲ့တောရွာလေးမှာတော့ ဆိုတေးက အပူပင်ကင်းစွာ အေးအေးချမ်းချမ်းအနားယူရင်း ပေါက်တူးတစ်လက်နဲ့ ပို့စ်ပေးကြမ်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ရွာထဲမှာလျှောက်လည်ရင်း စိုက်ခင်းတွေကြားမှာ ဓာတ်ဖမ်းခဲ့တဲ့ အဆိုတော်ဆိုတေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Singer So Tay's FB Acc









