ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး မေထွဋ်ခေါင်ကတော့ သူမရဲ့ ချစ်ခင်ပွန်းကို သတိကြီးစွာပေးလိုက်ပြန်ပါတယ်။ သမီးလေးတစ်ယောက်နဲ့ သားသားလေးတစ်ယောက်ကို မွေးဖွားထားပြီး ချစ်ခင်ပွန််းနဲ့အတူ နားလည်မှုရှိတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတဲ့ သူမက ပရိသတ်တွေ အားကျနေရတဲ့ မိသားစု ဘ၀လေးလည်းဖြစ်လို့နေပါတယ်။ ဒါ့အပြင် မေထွဋ်ခေါင်က နောက်ထပ်ရင်သွေးလေးကိုလည်း လွယ်ထားရပါသေးတယ်။


မေထွဋ်ခေါင်ဟာဆိုရင် အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူမရဲ့ လှုပ်ရှားမှုတိုင်းကို အဆက်မပြတ်အားပေးနေဆဲပါ။ မေထွဋ်ခေါင်ကလည်း သူမရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပြီး ပရိသတ်တွေချစ်မေတ္တာကိုခံယူနေတာပါ။


ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းတဲ့ သူတို့ဇနီးမောင်နှံလေးက ယနေ့မှာဆိုရင်လည်း Tiktokဗီဒီယိုလေးရိုက်ကူးကာ Romanticဆန်နေခဲ့တာပါ။ ဒါကတော့ Facebook ထဲမှာ တွေ့သမျှ မိန်းကလေးတွေရဲ့ ပုံတွေကို လက်မပေးရင် ခင်ပွန်းဖြစ်သူရဲ့ လက်မကိုဖြတ်ပစ်မယ်ဆိုပြီး မျက်နှာထားခပ်တင်းတင်းနဲ့ ပြောနေခဲ့တဲ့ မေထွဋ်ခေါင်ရဲ့ ဗီဒီယိုလေးကို တင်ကာ အချစ်ပိုနေတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။



သတင်း အရင်းအမြစ်៖ Photo credit - Caeser Nyi Nyi's Facebook account
@caesarnyinyi လက်မ မပြောနဲ့ အသဲဆိုဝေလာဝေး?????????#m#ayhtutkhaung #c#aesarnyinyi
♬ Funny Song - Bensound





