ဒိတ်ဒိတ်ကြဲ အနုပညာရှင်ညီအစ်မတွေနဲ့အတူ Photo shootလုပ်ခဲ့စဉ်က ပုံလေးတွေကို ချပြလာခဲ့တဲ့ သန္တာလှိုင်

//s9.kh1.co/36/36a45d10a109a49a73e8c5d79e4bd6143287d313.jpg
အနုပညာရှင်များ

 ၁၄-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၅ နှစ် က

.

စူပါမော်ဒယ်လ် သန္တာလှိုင်ကတော့ အနုပညာအလုပ်တွေကို များစွာလုပ်ကိုင်ခဲ့ပြီး ယနေ့တိုင် အောင်မြင်မှုတွေကို ရရှိနေဆဲဖြစ်တဲ့ သူတစ်ယောက်ပါ။

စကားအပြောအဆို ပွင့်လင်းဖော်ရွေပြီး ရင်းနှီးခင်မင်တတ်တဲ့ သူမကို ပရိသတ်တွေသာမကပဲ အနုပညာရှင် အချင်းချင်းကပါ အချစ်ပိုနေကြတာကိုလည်း​တွေ့ရပါတယ်။ 

Photo credit - ArT photography 
Photo credit - ArT photography 

သန္တာလှိုင်က ယနေ့အချိန်ထိ ဆယ်ကျော်သက်တစ်ယောက်လို လှပကျစ်လစ်တဲ့ ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားပြီး ခေးမေမေလို့ ထင်မှတ်စရာမရှိလောက်အောင် လန်းလွန်းနေတာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း ယနေ့တိုင်ရရှိနေတာပါ။ Covidကပ်ရောဂါတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် ပရိသတ်တွေနဲ့ အဆက်မသွယ်မပြတ်ရအောင် လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာလည်း တွေ့ရပါတယ်။

Photo credit - ArT photography 
Photo credit - ArT photography 

ယနေ့မှာလည်း သန္တာလှိုင်က အနုပညာရှင် ညီအစ်မတွေဖြစ်ကြတဲ့ သရုပ်ဆောင် အေးမြတ်သူ ၊ အလှမယ် ဂုဏ်ရည်အေးကျော်၊ သရုပ်ဆောင် အဲလစ် ၊ အလှမယ် မေမြတ်နိုး ၊ သရုပ်ဆောင် မေဘရဏီသော် သူတို့နဲ့အတူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။ 

Photo credit - ArT photography 
Photo credit - ArT photography 

သတင်း အရင်းအမြစ် Source - Thandar Hlaing သန္တာလှိုင်'s FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T