နံနက်(၅:၄၀)မှာ ဖြူဖြူဖွေးဖွေးသားချောလေးကို ‌အောင်မြင်စွာမွေးဖွားလိုက်နိုင်လို့ ပီတိဖြစ်နေကြတဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံ

//s9.kh1.co/fa/facaf4ca9a41ae63bbd96ddbe2b05a2fba0b8c64.jpg
အနုပညာရှင်များ

 ၁၄-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၄ နှစ် က

နံနက်(၅:၄၀)မှာ ဖြူဖြူဖွေးဖွေးသားချောလေးကို ‌အောင်မြင်စွာမွေးဖွားလိုက်နိုင်လို့ ပီတိဖြစ်နေကြတဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ စိုးရန်အောင်နဲ့သက်သခင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အနုပညာအလုပ်တွေအတူတူတွဲလုပ်ကြရင်းနဲ့ပဲ ဖူးစာပါလာကြတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်း စိုးရန်အောင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်ပါတယ်နော်။စိုးရန်အောင်နဲ့သက်သခင်တို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့တည်ဆောက်ထားကြတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါတယ်။

Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Wai Yan Myo Aung
Photo Credit:Wai Yan Myo Aung

စိုးရန်အောင်ကလည်း သူ့အတွက်ရင်သွေးလေးလွယ်ပေးထားတဲ့ချစ်ဇနီးလေးကို အမြဲဂရုစိုက်ပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်နော်။စိုးရန်အောင်တို့ဇနီးမောင်နှံက သားလေးကိုယ်ဝန်စရှိချိန်ကတည်းက အစားအသောက်၊အနေအထိုင်တွေကို သေချာဂရုစိုက်ခဲ့တာဖြစ်ပါတယ်။သူတို့ဇနီး‌မောင်နှံရဲ့ ပထမဆုံးသားဦးလေးကို ကျန်းကျန်းမာမာနဲ့မွေးဖွားလာအောင် ဖေဖေ၊မေမေတို့က မိဘမေတ္တာအပြည့်နဲ့ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်နော်။ 

Photo Credit:Wai Yan Myo Aung
Photo Credit:Wai Yan Myo Aung
Photo Credit:Wai Yan Myo Aung
Photo Credit:Wai Yan Myo Aung

စိုးရန်အောင်ကလည်း ချစ်ဇနီးလေးရဲ့ဘေးနားမှာအချိန်ပြည့်နေပြီး လိုအပ်တာတွေကို ကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒီနေ့မနက် (၅:၄၀)အချိန်မှာတော့ အရမ်းချစ်စရာကောင်းတဲ့သားသားလေးကို သက်သခင်က အောင်မြင်စွာမွေးဖွားလိုက်နိုင်ပြီပဲဖြစ်ပါတယ်။မိဘတွေဖြစ်သွားကြတဲ့ စိုးရန်အောင်တို့ဇနီးမောင်နှံကတော့ အပြုံးပန်းတွေဝေဆာနေကြပြီး အရမ်းပျော်ရွှင်နေကြတာဖြစ်ပါတယ်နော်။ဖြူဖြူဖွေးဖွေးနဲ့ချစ်စရာသားသားလေးကို ပိုင်ဆိုင်သွားတဲ့ စိုးရန်အောင်တို့မိသားစုသုံးယောက်ရဲ့ပုံလေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရ‌စေနော်။ 

Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account
Photo Credit:Soe Yan Aung's Facebook Account

Source&Photo Credit:Soe Yan Aung's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T